No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာ့တပ်မတော်ထောက်ခံသူများနှင့်ရပ်ကွက်နေပြည်သူများရုန်းရင်းဆန်ခတ်ဖြစ်ပွား ၂၀၂၁ခုနှစ် ဇန်နဝါရီ၃၀ရက်နေ့တွင် မြန်မာ့တပ်မတော်ကိုထောက်ခံသည့်လူများ ၊ရဟန်းသံဃာများ ၅၀၀ကျော်ခန့်သည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၏အရှေ့မျက်နှာစာကြေးသွန်းဘုရားရှေ့တွင် ဆန္ဒပြခဲ့ပြီး ရပ်ကွက်နေပြည်သူများအား လိုက်လံရန်ပြုကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်ဟု တွေ့ရသည်။ ဆန္ဒပြသူများက "နိုင်ငံတော်ကိုကာကွယ်နေသော မြန်မာ့တပ်မတော်အားထောက်ခံပါ၏"မြန်မာ့ပြည်တွင်းရေးအား ပြည်ပမှဝင်ရောက်စွက်ဖက်မှုကို လက်မခံပါ ၊"ပြည်ပအားကိုးပုဆန်ရိုးများကိုချေမှုန်းကြ "အစရှိသည့်ကြွေးကြော်သံများဟစ်အော်ခဲ့ကြပြီး ရဟန်များက တပ်တော်ထောက်ခံကြောင်း ရွေးကောက်ပွဲကော်မရှင် နှင့်နိုင်ငံတော်အကြီးအကဲများနှင့်ပက်သက်ပြီး စင်မြင့်မှ ဝေဖန်ခဲ့ကြသည်။ ဆန္ဒပြနေစဉ်အတွင်း အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်၏အလံပါအကျီအားဝတ်ဆင်ထားသူ အနှေးယာဉ်မောင်းတစ်ဦးအားဆန္ဒပြသူများက ဒေါသတကြီး ရိုက်နှက်ခဲ့ခြင်း၊ဈေးရောင်းချသူလူတယောက်ကိုလိုက်လံရိုက်နှက်ခြင်းဖြင့် ဆန္ဒပြသူများနှင့် ရပ်ကွက်နေပြည်သူများအကြားရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသော လူနှင့်ရဟန်းများ မှာ၅၀၀ကျော်ရှိပြီး ဗဟန်းမြို့နယ်ရှိ နေရာ၃နေရာမှာ စုဝေးကာ ကြေးသွန်းဘုရားကြီးရှေ့တွင် စုဝေးဆန္ဒပြသခဲ့ကြသည်။ ၂၀၂၀ရွေးကောက်ပွဲပြီးဆုံးပြီး ရလဒ်ထွက်ပေါ်လာချိန်မှစ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုအလိုမရှိသော၊မြန်မာ့တပ်မတော်ကို အားပေးထောက်ခံသော မဲရလဒ်ကိုလက်မခံသော ဆန္ဒထုတ်ဖော်ပွဲများကို မြို့အသီးသီးတွင် အစုအဖွဲ့လိုက်သာမကတစ်ကိုယ်တော်အနေဖြင့်ပါ ဆက်တိုက်ပြုလုပ်လာသည်ကိုတွေ့ရသည်။ Photo - MPA #WeMedia Credit: