
ရွှေတိဂုံ ဘုရားအနီး ပြုလုပ်သည့် ရွေးကောက်ပွဲ ရလာဒ်နှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်သည့် မြင်ကွင်း =============================================================== ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံ ဘုရားအနီး ကြေးသွန်းဘုရားရှေ့တွင် ယနေ့ (ဇန်နဝါရီလ ၃၁ ရက်) ညနေပိုင်း ၃ နာရီခွဲ အချိန်ခန့်က ရွေးကောက်ပွဲ ရလာဒ်နှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ အဆိုဆန္ဒပြသူများ သည် နေရာသုံးခုမှ ချီတက် လာရောက်ကာ ကြေးသွန်းဘုရားရှေ့တွင် စုစည်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ပြီး မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော အမေရိကန် ပြည်ပနိုင်ငံ များ နှင့် UEC အား ဆန့်ကျင်ရှုံ့ချပွဲ ဟု ရေးသားထားသည်ကိုလည်း တွေ့မြင်ရသည်။ Pyi Myanmar Crd