No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းတွင် ပြည်တွင်းရုပ်သံလိုင်းဖြစ်သည့် မြဝတီရုပ်မြင်သံကြားမှ အာဏာသုံးရပ်အား တပ်မတော်ကိုတစ်နှစ်လွှဲပြောင်းကြောင်းသတင်းကို ကြေညာထုတ်ပြန်ခဲ့သည်။ကြေညာချက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆိုးဝါးစွာလွဲမှားနေသည့် မဲစာရင်းများဖြစ်ခဲ့သဖြင့် ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့်ပြည်သူ့ထံမှ အချုပ်အခြာအာဏာဆင်းသက်ရမည်ဆိုသည့်အချက်နှင့်ဆန့်ကျင်နေပါသည်။မဲစာရင်းပြဿနာများကိုဖြေရှင်းရန်ငြင်းပယ်ခြင်း ၊ အရေးယူဆောင်ရွက်မှုမပြုခြင်း ၊ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်အစည်းအဝေးများကိုဆေရွှ့ဆိုင်းပေးရန်တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်းပေးမှုမရှိခြင်း ၊ပြည်သူ့လွှတ်တော်အစည်းအဝေးအစီအစဉ်များထုတ်ပြန်ကာ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန်ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့်ရယူရန်ဆောင်ရွက်ခြင်းဖြစ်သည်။တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။၎င်းကဲ့သို့ဆောင်ရွက်မှုမျးာကြောင့် မြန်မာနိုင်ငံ၏မြို့ဒေသ အသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်သဖြင့် ဆန္ဒပြမှုများများစွာဖြစ်ပေါ်လျက်ရှိပါသည်။အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များကလည်း ထောက်ခံပွဲအလံလွှင့်ထူခြင်းများ အပါအဝင်လှုံ့ဆော်မှုမျိုးစုံပြုလုပ်နေကြောင်းတွေ့ရသဖြင့် နိုင်ငံတော်တည်ငြိမ်မှုကိုများစွာထိခိုက်စေလျက်ရှိသည်။အပိုဒ် ၄ အဆိုပါပြဿနာကိုမှန်ကန်စွာဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ဒီမိုကရေစီလျှောက်လှမ်းမှုတွင် အခက်အခဲများဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီဖြေရှင်းရန်လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အားအရေးပေါ်အခြေအနေကြေညာလိုက်သည်။မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးလိုက်သည်။အရေးပေါ်အခြေအနေအကျိုးသက်ရောက်သည့် နယ်မြေသည်နိုင်ငံတစ်ဝှမ်းဖြစ်ကြောင်းနှင့်အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ်သတ်မှတ်လိုက်ကြောင်း ယာယီသမ္မတဦးမြင့်ဆွေက ထုတ်ပြန်ကြောင်းကြေညာပြောဆိုခဲ့သည်။.......