
🔴ထိုင်းနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေလုပ်ငန်းစုကြီးဖြစ်သော Amata မှ မြန်မာနိုင်ငံအတွင်းဖော်ဆောင်မည့် ဒေါ်လာ ၁ ဘီလျံတန် အိမ်ခြံမြေ project ကြီးအားရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Nikkei Asia မှ ရေးသားသည်။ 🔴တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက်ဆက်တွဲဖြစ်လာမည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ နှင့် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများဖြစ်လာနိုင်ခြင်းကြောင့် ထို ပရောဂျက်ကို ရပ်ဆိုင်းနိုင်ခြင်းဖြစ်ကြောင်း Nikkei Asia မှ သုံးသပ်ထားသည်။ 🔴အဆိုပါ project ကို Amata က ပြီးခဲ့သော ဒီဇင်ဘာလထဲတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဧက ၂၀၀၀ အကျယ်အဝန်းရှိမည်ဖြစ်သည်။ လက်ရှိတွင် နိုင်ငံရေးအရှုပ်အထွေးများကြောင့် အဆိုပါ စီမံကိန်းကို ဆိုင်းငံ့ထားလိုက်ခြင်းဖြစ်ကြောင်း Amata Group မှ Chief Marketing Officer ဖြစ်သူ Viboon Kromadit (ဗီဗောင် ခရိုမာတစ်) က ပြီးခဲ့သော အင်္ဂါနေ့တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ Source-Thailand's Amata halts $1B Myanmar property project after coup by Nikkei Asia Credit: