
အရေးပေါ်ကာလတစ်နှစ်အတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒ ပြောင်းလဲမည်မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော ================================================== အရေးပေါ်ကာလတစ်နှစ်အတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒ ပြောင်းလဲမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောသည်။ ဖေဖော်ဝါရီလ ၃ ရက်ကနေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်အစည်းအဝေးခန်းမ၌ ပြည် ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ ဆောက်လုပ်ဆဲ လမ်း၊ တံတားလုပ်ငန်းများ၊ တည်ဆောက် ရေးလုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် လုပ်ဆောင်နေသည့် ကိစ္စရပ်များ၊ ဝန်ကြီး ဌာနများနှင့် လုပ်ဆောင်နေသည့်ကဏ္ဍများကိုစည်းကမ်း နှင့်အညီ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ယင်းကပြောသည်။ သို့သော်လည်း ပုဂ္ဂလိကနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများထဲတွင် တိုင်ကြားမှုများရှိသည့် လုပ်ငန်း များရှိသည့်အတွက် ယင်းလုပ်ငန်း များကို ပြန်လည်စိစစ်ပြီးမှ ဆက်လက်လုပ်ဆောင် သွားရမည်ဖြစ် ကြောင်းနှင့်တိုင်ကြားမှုများ၊ ပြဿနာများမရှိဘဲ တိုင်းပြည်အတွက် အကျိုးရှိအောင် လုပ်ဆောင် နေ သည့် လုပ်ငန်းများကို ဆက်လက်ခွင့်ပြုသွားရမည်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများကို မရပ်ထားဘဲ ဆက်လက်လုပ်ဆောင်ရန် လုပ်ငန်းရှင်များကို ပြောကြား ထားပြီးဖြစ်ကြောင်းလည်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြော သည်။ လုပ်ငန်းများလုပ်ဆောင်နေမှသာ လုပ်သားများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိကြမည်ဖြစ်ပြီး ဝင်ငွေရရှိမှ လူမှုစီးပွားများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊သို့သော်လည်း COVID-19 နှင့်ပတ်သက်သော သတ် မှတ်ထားသည့် စည်းကမ်းချက်များကို အလေးထားရန်နှင့် မလိုက်နာသည့် လုပ်ငန်းများကို ရပ်ဆိုင်း ရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ကိုဗစ်ကာကွယ် ရေး နည်းလမ်းများနှင့် လုပ် ငန်းခွင်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန် လိုအပ်ကြောင်းလည်း ပြော ကြားခဲ့ကြောင်း သိရသည်။ Crd