No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တပ်မတော်နဲ့ ဦးဂါရွာသူ အမှု ~~~~~ ■ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါရွာမှာ အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သား သုံးယောက်ကို ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလမှာ ထောင်ဒဏ်အနှစ် ၂ဝ စီ ချမှတ်လိုက်ပြီမို့၊ ကာယကံရှင် နစ်နာသူအမျိုးသမီးအတွက် နောက်ဆုံးမှာ တရားမျှတမှုကို ရရှိခဲ့ပါပြီ။ တပ်မတော်သားတွေ ကျူးလွန်တဲ့အမှုတွေနဲ့ ပတ်သက်လာရင် အများအားဖြင့် အမှုမှန် မပေါ်ပေါက်တာ၊ အရေးယူ မခံရတာတွေဘဲ ရှိခဲ့ပါတယ်။ အခုအမှုမှာတော့ သတင်းမီဒီယာတွေရဲ့ စွမ်းဆောင်မှုကြောင့် အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့တဲ့အကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင်က ရခိုင်ပြည်နယ်ကနေ သတင်းပေးပို့ထားပါတယ်။ Credit: