No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လှိုင်သာယာမြို့နယ် ကနေ နေရပ်ပြန် ရွှေ့ပြောင်းသူတွေရှိလာ ရပ်ကွက်အချို့သောက်သုံးရေ ပြတ်လပ်နေ စစ်အုပ်ချုပ်ရေးကြေညာခံရပြီးနောက် ဒီကနေ့ မတ် ၁၆ရက် မနက်အစောပိုင်းကစပြီး လှိုင်သာယာမြို့နယ်ကနေ ဒေသပြန်၊နေရပ်ပြန် သူတွေများပြားလာတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဧရာဝတီတိုင်းဘက်ကိုထွက်တဲ့ ဘီအိုစီနဲ့ သမကုန်းနားမှာ ၃နာရီကြာလောက်လမ်းပိတ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ တခါ လှိုင်သာယာမြို့နယ်က (၁)ထိပ်နဲ့ (၃)ထိပ် ရပ်ကွက်တွေမှာ သောက်သုံးရေ ပြတ်လပ်နေ တယ်လို့ ဒေသခံတွေကပြောပါတယ်။ "ရေကားတွေမ၀င်နိုင်ဘူးဖြစ်နေတယ်၊ရေတော်တော်လ်ိုနေကြတယ်။အဲဒါကြောင့် မနက်အစောပိုင်းကြီး လမ်းကြိုလမ်းကြားတွေထဲကနေ သွားလှူရတယ်။ လှူတဲ့အင်အားကနည်းတော့ တတ်နိုင် သလောက် တော့လှူခဲ့ကြတယ်၊ရေကတ်ရယ်၊ ကြံရယ်၊ ဖရဲသီးရယ်လှူခဲ့တယ်"လို့သွားရောက် လှူဒါန်းသူတစ်ဦးက ပြောပြပါတယ်။ အဲဒီရပ်ကွက်ထိပ်မှာ စစ်တပ်နဲ့ရဲ ကနေရာယူထားပြီး ပစ်ခတ်မှုအချို့လည်း ရှိနေတယ်လို့ဆိုပါတယ်။ ဘီဘီစီမြန်မာပိုင်း Credit: