No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အတိုဆုံးပဲ ရေးပါမယ် ဒီနေ့ 4.2.2021 တမူးမြို့နယ် ပညာရေးမှူးရုံးက ကျမကို ခေါ်ပါတယ် ဒုမြို့နယ်ပညာရေးမှုးက ဆရာမ အလုပ်ထွက်မယ်ပြောတာ ဟုတ်မဟုတ် ဆုံးဖြတ်ချက် ပြင်မပြင်မေးပါတယ် စစ်အာဏာရှင်အစိုးရရဲ့ လက်အောက်မှာ အလုပ်မလုပ်ပါဘူး ဒီမိုကရေစီအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာပဲ လုပ်ပါမယ်လို့ပြောလိုက်ပါတယ် တမူးမြို့နယ်ရုံးမှာ သမ္မတပုံတွေတော့ ဖြုတ်သိမ်းခိုင်းထားလို့ သိမ်းထားရပြီလို့ ပြောပါတယ် ဒါဆို ထွက်လို့ရပြီပေါ့ ထွက်ပါတယ်ဆရာ ဆုံးဖြတ်ချက်က လုံးဝပြင်စရာအကြောင်းမရှိပါဘူးဆရာ ။ ဒါပါပဲ အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့အထဲမှာ မင်းတို့ ဆရာမပါတယ် ကလေးတို့ အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့အထဲမှာ မင်းတို့အမေပါတယ် သားတို့သမီးတို့ အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းပါစေ #KhinMyatMyatHtet 4.2.2021 Credit: