No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

BREAKING NEWS: (Updated) “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ လုံခြုံရေးကောင်စီ တောင်းဆိုပြီ” မြန်မာပြည်ကို အရေးပေါ်အခြေအနေကြေညာပြီး အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်တပ်အနေနဲ့ ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အခြား ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တရားဝင်တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။ အဖွဲ့ဝင် ၁၅နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့မှာ အဖွဲ့ဝင်နိုင်ငံအားလုံးက မြန်မာပြည်မှာ ဒီမိုကရေစီဖြစ်စဉ်နဲ့ အင်စတီကျူးရှင်းတွေ ဆွဲကိုင်ထားဖို့၊ အကြမ်းဖက်မှုတွေကနေ ရပ်ဆိုင်းဖို့၊ လူ့အခွင့်အရေးနဲ့ အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေကို လေးစားဖို့၊ တရားဥပဒေစိုးမိုးဖို့အတွက် သဘောတူလိုက်တာ ဖြစ်ပါတယ်။ “လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက မြန်မာပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆက်ရှိနေရေးအတွက် ဆက်လက်ထောက်ခံအားပေးမှု လိုအပ်နေတယ်”လို့ ကြေညာချက်ထဲ ဖော်ပြထားပြီး “မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အကျိုးစီးပွါးအတွက် ရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ တိုက်တွန်းအားပေးတယ်”လို့ ဆိုထားပါတယ်။ အလှည့်ကျဥက္ကဌ ဗြိတိန်နိုင်ငံက မူလကရေးသားထားတဲ့ ကြေညာချက်မူကြမ်းထက် စကားလုံးက ပိုပြီးပျော့ပြောင်းသယောင်ရှိပေမယ့် စစ်တပ်အာဏာသိမ်းမှုလို့ ဖော်ပြထားခြင်းမရှိတာဟာ တရုတ်နဲ့ရုရှတို့ရဲ့ သဘောတူညီချက်ရဖို့အတွက်လို့ ယူဆလို့ရပါတယ်။ ကြေညာချက်ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေကို ကန့်သတ်မှုတွေလုပ်တဲ့အပေါ် စိုးရိမ်ပူပန်တယ်လို့လည်း ဖော်ပြထားပါတယ်။ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ထဲမှာ ၂၀၁၇ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်ဆလင်လူနည်းစုတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အကြီးအကျယ် စိုးရိမ်ပူပန်တယ်လို့လည်း ဖော်ပြထားပြီး နောက်ထပ် စစ်အင်အားအလွန်အကျွံသုံးတာတွေ မလုပ်ဖို့ကိုလည်း ပြောထားပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ကလည်း တရားဝင်တည်ဆဲအစိုးရဆီက အာဏာသိမ်းယူလိုက်တဲ့ မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူဖို့အတွက် သမ္မတအမိန့်ထုတ်ပြန်ရေး တွက်ဆနေတယ်လို့လည်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က ဆိုထားပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ မြန်မာပြည်မှာ ဖေဖော်ဝါရီ ၁ရက်နေ့က ဖြစ်ခဲ့တာဟာ “အာဏာသိမ်းမှု”လို့ တရားဝင်သတ်မှတ်လိုက်ပြီး ဥပဒေအရ အာဏာသိမ်းစစ်တပ်ကို ပိတ်ဆို့အရေးယူဖို့အတွက် သုံးသပ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ Credit: