No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တရုတ်နိုင်ငံသားအချို့ အကြိုက် “မျောက်ဦးနှောက်” ဟင်းလျာ အတွက် ကမ္ဘောဒီးယားနယ်စပ်ကို မျောက်မှောင်ခိုပို့တဲ့ ဂိုဏ်းကိုထိုင်းအာဏာပိုင်တွေဖမ်းဆီးနိုင်ခဲ့ ! မေ ၂၈၊ ၂၀၂၁ . ထိုင်းနိုင်ငံအရှေ့ပိုင်း ကမ္ဘောဒီးယားနယ်စပ် စရကဲ့ယောက်ခရိုင်မှာ လူမှောင်ခိုပို့ဂိုဏ်းတွေကို နှိမ်နင်းရန် စောင့်ကြပ်နေတဲ့ ရဲတပ်ဖွဲ့မှ မသင်္ကာစရာ ပစ်ကပ် ကားတစ်စီးကို တားဆီး စစ်ဆေးခဲ့ရာ လူမတွေ့ခဲ့ဘဲ ထူးဆန်းစွာ မျောက်တံငါ အကောင်ရေ ၁၀၂ ကောင်ကို လှောင်အိမ်တွေထဲထည့်ကာ မှောင်ခို တင်ဆောင်လာတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ . ဖမ်းဆီးရမိခဲ့တဲ့ ယာဉ်မောင်းကိုမေးမြန်းကြည့်ရာမှာတော့ သူဟာဒီလိုမျိုးမှောင်ခိုလုပ်ပေးတာ ၃ ခါရှိပြီဖြစ်ကြောင်းနဲ့ ကမ္ဘောဒီးယားဘက်ခြမ်းမှာရှိတဲ့ တရုတ်နိုင်ငံသားအချို့ဟာ “မျောက်ဦးနှောက်” ဟင်းလျာကိုစားသုံးရန်အတွက် သူ့ကို ထိုင်းသူဌေးတစ်ဦးမှ ကမ္ဘောဒီးယားနယ်စပ်ကိုပို့ခိုင်ကြောင်း ထွက်ဆိုပါတယ်။ . ရဲတပ်ဖွဲ့ကတော့ ဖမ်းဆီးရမိချင်းမှာပဲ သားရဲတိရိစ္ဆာန်ထိန်းသိမ်းရေးဌာနကိုဆက်သွယ်ခဲ့ပြီး မျောက်တံငါတွေကို ကယ်တင်ဖို့ကြိုးစားရာမှာ ၈၈ ကောင်ကိုသာ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါယာဉ်မောင်းကိုတော့ သားရဲတိရိစ္ဆာန်ထိန်းသိမ်းရေးဥပဒေနဲ့ စွဲချက်တင်ထားပြီး ဆက်စပ်တဲ့ မှောင်ခိုဂိုဏ်းတွေကို ဖေါ်ထုတ်နိုင်ဖို့ စစ်ဆေးမေးမြန်းလျက်ရှိတယ်လို့သိရပါတယ်။ . ဖြည့်စွက် - မျောက်တံငါ မျောက်မျိုးစိတ်တွေကို အရှေ့တောင်အာရှနိုင်ငံတွေမှာတွေ့ရလေ့ရှိပါတယ်။ ရေကူးကျွမ်းကျင်ပြီး အမြီးဟာ ခန္ဒာကိုယ်ထက်ပိုရှည်ပါတယ်။ မြန်မာနိုင်ငံအနှံ့မှာတော့ မျောက်တံငါလို့ခေါ်ကြပြီး မြိတ်နှင့်အနီးတဝိုက်ဒေသခံများကတော့ ကဏန်းစားမျောက် လို့ခေါ်ကြပြီး ရခိုင်ဘက်တွင် ဒီကျင်းမျောက်လို့ခေါ်ဆိုကြပါ တယ်။ . Photo Thairath Ref : Thairath / Wikipedia . #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #WinHtetMML Credit: