
နိုင်ငံ့ဝန်ထမ်းများနှုတ်ထွက်ပါက မူရင်းလစာအတိုင်း ထောက်ပ့ံပေးသွားမည်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော ……………………………………………………… ရန်ကုန်၊ ဖေဖော်ဝါရီ ၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚) တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာကာ နိုင်ငံတော်အာဏာအား ရယူခြင်းကို ကန့်ကွက်မှုများပြုလုပ် နေသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တာဝန်မှနှုတ်ထွက်အပါအဝင် တာဝန်မှ ရပ်စဲခံရခြင်းများရှိပါက ၎င်းနိုင်ငံ့ ဝန်ထမ်းများ၏ မူရင်းလစာအတိုင်း ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ပြောသည်။ ယင်းသို့ ထောက်ပံ့မှုအစီအစဉ်အား ၎င်းတို့အနေဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း လက်ရှိအချိန် ထောက်ပံ့ မှုအား လက်ခံရန် စာရင်းပေးသွင်းသူမရှိသေးကြောင်း ၎င်းတို့အနေဖြင့် ထောက်ပံ့ရာတွင် ရေတိုထောက်ပံ့ခြင်း ၎င်းဝန်ထမ်းများကို ရေရှည်ထောက်ပံ့နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “မက်စင်ဂျာမှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် ဖုန်းနံပါတ်တို့ကို လာရေးထားရင်ရပါတယ်။ လောလောဆယ်တော့ အကြောင်းကြားသူ မရှိသေးပါဘူး။ အလှူရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးဖို့ရှိပါတယ်။ ဘယ်လိုတွေ ဆက်လုပ်သွားမလဲဆိုတာကို” ဟု ဦးကျော်ကျော်မောင်က ပြောသည်။ တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာကာ နိုင်ငံတော်အာဏာအား ရယူခြင်းကို ကန့်ကွက်မှုများပြုလုပ် သည့်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် တပ်မတော်နှင့် ဆက်စပ်သည့်လုပ်ငန်းများမှ ဝန်ထမ်းတချို့သည် CIVIL DISOBEDIENCE အနေဖြင့် ဆန္ဒပြမှုများရှိသည့်အပြင် တချို့သော နိုင်ငံဝန်ထမ်းများသည် မိမိတို့ တာဝန်များမှ နှုတ်ထွက်မှုများဖြစ်ပေါ်နေလျက်ရှိသည်။ #PeopleMedia # CIVIL DISOBEDIENCE Credit: