
ရန်ကုန်မြို့မှာ ဆန္ဒဖော်ထုတ်မှုစတင် ရန်ကုန်မြို့မှာ ရာနဲ့ချီတဲ့လူအုပ်ကြီးက ယနေ့မနက်ပိုင်းမှာ ဆန္ဒပြမှု စတင်လိုက်ပါတယ်။ အခုဆိုရင် ဝန်းရံသူများအပါအဝင် ဆန္ဒပြရာမှာ ပါဝင်သူ ထောင်ဂဏန်းခန့်ရှိပါတယ်။ "စစ်အာဏာရှင်စနစ် ကျဆုံးရေး..ဒို့အရေး..ဒို့အရေး" "စစ်အာဏာရှင်ဖျက်သိမ်းရေး..ဒို့အရေး..ဒို့အရေး" "စစ်အာဏာရှင် ကျရှုံးပါစေ" "ဒီမိုကရေစီရရှိရေး..ဒို့အရေး..ဒို့အရေး" စတဲ့ ကြွေးကြော်သံများနဲ့အတူ ဆန္ဒပြလူအုပ်ကြီးက လှိုင်မြို့နယ် လှည်းတန်းစိန်ဂေဟာရှေ့ကနေ ထွက်ခွာလာကာ အခုဆိုရင် အင်းစိန်လမ်းမအတိုင်း လှည်းတန်းဘက်ကို ဆက်လက်ချီတက်ဆန္ဒပြနေကြပါပြီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ပန်းပဲတန်း ပြည်သူ့လွှတ်တော်အမတ်နေရာကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အိသဥ္ဇာမောင်လည်း ဆန္ဒပြလူအုပ်ကြီးကို ဦးဆောင်သူတွေထဲမှာ ပါဝင်နေတာကိုတွေ့ရပါတယ် Credit: