No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရန်ကုန်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်နှစ်ဦး ပြန်လည်ထိန်းသိမ်းခံထားရ ~~ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တို့ကို အကျယ်ချုပ်ထားတဲ့နေအိမ်တွေကနေ ပြန်လည်ခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းက မှန်ကန်တယ်လို့ NLD ပါတီဘက်က အတည်ပြုပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မူလထားရှိထားတဲ့ ၂၈ လမ်း၊ ၆၄ လမ်းနဲ့ ၆၅ ကြားက လွှတ်တော်ဧည့်ရိပ်သာကနေ ဒီနေ့ ခေါ်သွားတာပါ။ မိသားစုကိုတော့ အဲနေရာမှာသာထားရှိပြီး ဒေါက်တာဇော်မြင့်မောင် တစ်ယောက်ထဲကို ခေါ်သွားတာပါ။ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးက မကောင်းဘူးလို့ ဆိုပါတယ်။ ဦးဖြိုးမင်းသိန်းကိုတော့ မနေ့ကတည်းက ခေါ်သွားတာလို့ သိရပါတယ်။ ကုလသမဂ္ဂက မြန်မာပြည်တွင်း လာရောက်တယ်ဆိုတဲ့ သတင်းက ဒါတွေဟာ မဟုတ်မှန်ဘူးလို့ ဒေါက်တာ အောင်မိုးညို က ပြောပါတယ်။ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ဟာလည်း အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ဖမ်းဆီးခံထားရပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တစ်ဦးက RFA ကိုပြောပါတယ်။ “ သူသောက်နေကျ ဆေးတွေလည်း ပါမသွားတော့ စိုးရိမ်နေပါတယ်။” လို့ ပြောပါတယ်။ Credit: