No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

'တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ဆန္ဒပြသူများကိုလေးစားရန်နှင့် တုန့်ပြန်အရေးယူမှုများမလုပ်ရန် ယူအင်န်တိုက်တွန်း' ရန်ကုန် - မြန်မာ့တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့များသည် လွတ်လပ်စွာစုဝေးခွင့်ကိုအပြည့်အဝလေးစားရန်နှင့် ကန့်ကွက်ဆန္ဒထုတ်ဖော်သူများအား တုန့်ပြန်အရေးယူခြင်းများ မပြုလုပ်ရန် အထူးအလေးအနက်ထားဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့(UN)က ယနေ့ထုတ်ပြန်သည်။ ထိုအပြင် အင်တာနက်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား အလေးအနက်ထားသည့်အနေဖြင့် မူလအတိုင်းအပြည့်အဝ ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ Credit: