
ဆန္ဒပြပွဲကို လာရောက်ကြသူ ကားဟွန်းသံတွေပါ ညံနေတဲ့ ရန်ကုန်မြို့လည်ခေါင် အခြေအနေမှာ “ဒီမိုကရေစီရရှိရေး ဒို့အရေး… ဒို့အရေး…။ စစ်အာဏာရှင် ကျဆုံးရေး… ဒို့အရေး… ဒို့အရေး…။ သပိတ်သပိတ်… မှောက်မှောက်…။ ဒို့ပြည်သူတွေ ညီရဲ့လားဟေ့… ညီတယ်ဟေ့ ညီတယ်ဟေ့…။” ဆိုတဲ့ ကြွေးကြော်သံတွေ ဆက်ညံနေတဲ့ ဖေဖော်ဝါရီလ ၇ ရက် မြန်မာစံတော်ချိန် ညနေ ၅းဝ၅ အခြေအနေ ရန်ကုန်မြို့လည်ခေါင်တဝိုက် စစ်အာဏာရှင် ကျဆုံးရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ NLD ခေါင်းဆောင်တွေကို ပြန်လွှတ်ရေး တောင်းဆိုပြီး ရွေးကောက်ခံ NLD အစိုးရအား ထောက်ခံကြောင်း ဆက်လက်ဆန္ဒပြနေကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ဘီဘီစီမြန်မာပိုင်း Credit: