No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာ့ဒီမိုကရေစီအရေးကို ကမ္ဘာကျော်မင်းသမီးကြီး ထောက်ခံ . လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ နာမည်ကျော်ကြားသူတွေဟာ ဒီမိုကရေစီကို လိုလားတောင့်တာနဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ထုတ်ဖော်ပြသနေကြပြီး အဲ့ဒီလို ထုတ်ဖော်ခဲ့ကြသူတွေထဲမှာ မလေးရှားမင်းသမီး Michelle Yeoh လည်း ပါဝင်လာတာ တွေ့ရပါတယ်။ . သူမရဲ့အင်စတာဂရမ်မှာ “ဒီမိုကရေစီနဲ့မြန်မာပြည်သူများကို အစဉ်အမြဲချစ်ခင်လျှက်” ဆိုတဲ့ပုံစာနဲ့အတူ သူမလက်သုံးချောင်းထောင်ထားတဲ့ပုံကိုတင်ထားပါတယ်။ . Michelle Yeoh လို့ လူသိများတဲ့ Yang Zi Chong ဟာ ဟော့ကင်းတရုတ်နွယ်ဖွားတစ် ဦးဖြစ်ပါတယ်။ သူမဟာ “The Lady” ရုပ်ရှင်ဇာတ်ကားမှာဒေါ်အောင်ဆန်းစုကြည် ဇာတ်ရုပ်အဖြစ် အဓိကဇာတ်ကောင်နေရာမှာပါဝင်သရုပ်ဆောင်ထားတာလည်းဖြစ်ပါ တယ်။ . ကိုကား : michelleyeoh-official ဓာတ်ပုံ : michelleyeoh-official သတင်း : ရွှေကရင် (ရာမညမြေ) . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: