
အဓိကကတော့ လူတွေလိုက်ဆိုဖို့ လွယ်တဲ့သီချင်းကို သံစဉ်ယူပြီးစာသားထည့်ထားတာပါ။ ပြီးတော့ သူ့ရဲ့ မြောက်ဥက္ကလာပက နွားခြံထဲမှာပဲ သီချင်းလေ့ကျင့် အသံသွင်း။ အသံသွင်းတော့ လူငယ် ၁၄ ယောက်ပါခဲ့တယ်။ မိန်းကလေး ၁ဝ ယောက်၊ ယောက်ျားလေး လေးယောက်။ အားလုံးကို သူ့နွားခြံရှိတဲ့ ရပ်ကွက်ထဲကနေ ခေါ်ထားကြတာ။ (သီချင်းသမိုင်းကြောင်းက သူ့အင်တာဗျူးတွေကြည့်ပြီးတဲ့ လူတော်တော်များများ သိပြီးကြပါပြီ) ဒီနေ့တွေ့တော့ သူပြောတယ်။ ''၈ နာရီထိုးတိုင်းလူတွေ ကျွန်တော်ရေးခဲ့တဲ့ သီချင်းကိုဆိုကြတယ်။ ဒီသီချင်းက ၈၈ ပြီးကတည်းက ကျွန်တော်မပိုင်တော့ဘူး။ လူတွေအားလုံးပိုင်သွားပြီ။ ကျွန်တော်လည်း လေးနှစ်အရွယ် ကျွန်တော့်သားနဲ့ ညတိုင်းအတူတူထွက်ဆိုတယ်'' တဲ့။ ''မတရားမှုတွေ မရပ်တန့်သေးသရွေ့ ဒီသီချင်းက ဆက်ပြီးတော့ တိုက်ပွဲဝင်နေဦးမှာပဲ'' ဟု သူက ဆိုတယ်။ သူက ဆက်ပြောသေးတယ်။ Website တွင် ဖတ်ရှုရန်>> https://myanmar.mmtimes.com/news/151020.html Android App တွင် ဖတ်ရှုရန်>> http://bit.ly/3oGpfYk iOS App တွက် ဖတ်ရှုရန်>> https://apple.co/2XzSAaS Credit :