No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တတိယစည်းကျော်လျှင် ပစ်ခတ်မည်ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့သတိပေးချက်နဲ့ နေပြည်တော်က စစ်အာဏာသိမ်းမှုဆန္ဒပြပွဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို နေပြည်တော် ရှိ သပြေကုန်းအဝိုင်းအနီးမှာ ဒီကနေ့ မနက်ကနေ ညနေပိုင်းအထိ ပြုလုပ်နေတာဖြစ်ပြီး ရဲတပ်ဖွဲ့က စည်းသုံးစီး ကန့်သတ်တားမြစ်လိုက်တာဖြစ်ပါတယ်။ ပထမစည်းကျော်ပါက ဥပဒေနှင့်အညီအင်အားသုံးဖြိုခွင်းသွားမှာဖြစ်ပြီး ဒုတိယစည်းကျော်ပါက အဓိကရုဏ်းနှိမ်နင်းရေးလက်နက်တွေနဲ့ ပစ်ခတ်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသတိပေးထားပါတယ်။ တတိယစည်းကျော်ပါက ကျည်စစ်၊ ကျည်မှန်ဖြင့် ပစ်ခတ်သွားမှာဖြစ်ပြီး ဆန္ဒပြ ပြည်သူတွေအနေနဲ့ကတော့ ပထမစည်းနားကို ကပ်ပြီး ဆန္ဒထုတ်ဖော်နေတာကိုလည်း တွေ့မြင်ရပါတယ်။ အဲဒီဆန္ဒပြပွဲကို ဒီကနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မီးသတ်ပိုက်နဲ့ ဖြိုခွင်းခဲ့ပေမယ့် ဆန္ဒပြသူတွေကတော့ ရပ်တန့်သွားခြင်းမရှိဘဲ ညနေပိုင်းအထိ ဆက်လက် ဆန္ဒပြနေခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံ- ဆူးနစ် (NPT) Credit: