No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရွေးကောက်ခံအစိုးရကိုသာထောက်ခံကြောင်း အမေရိကန်ထပ်လောင်းအတည်ပြု . ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ထောက်ခံပြီး ငြိမ်းချမ်းစွာဆန္ဒပြမှုများ၊ သတင်းအချက်အလက်ရရှိခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကိုလည်း အားပေးထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က ပြောသည်။ စစ်အာဏာသိမ်းမှုကို သိန်းနဲ့ချီသည့် လူထုက ဆန့်ကျင့်ဆန္ဒပြမှုများ အရှိန်မြှင်တက်လာရာတွင် လူထုနှင့် ဆက်သွယ်ခဲ့သည့် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့အား နေအိမ်အကျယ်ချုပ်ချထားရာက ယမန့်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော်က တယ်လီဖုန်းများသိမ်းယူကာ နေရာရွေ့ပြောင်းထိန်းသိမ်းထားလျှက်ရှိသည်။ . “ သူတို့နိုင်ငံရဲ့ ပြည်သူလူထုအတွက် စကားပြောနိုင်ဖို့ကြိုးစားအားထုတ်ကြသူ အမှန်တကယ် ရွေးကောက် တင်မြှောက်ခံထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ကျွန်တော်တို့ရပ်တည်ပါတယ်။ ဒီမိုကရေစီနည်း ကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရ ချက်ချင်းပြန်ပြီး အပြည့်အဝအသက်ဝင်ရေးအတွက် သူတို့နဲ့အတူ‌ တောင်းဆိုပါတယ်။ ကျွန်‌တော်တို့ဟာ မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်နေပါတယ်”ဟုလည်း နက်ပရိုက်စ်က ပြောသည်။ . လက်ရှိတွင် အာဏာသိမ်း တပ်မတော်အစိုးရအနေနဲ့ လူထုကို တားဆီးပိတ်ပင်ရန် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၄ မြို့နယ်အပါအဝင် မြို့ကြီးအားလုံးနီးပါးတွင် လူ ၅ ထက်ပိုမိုစုဝေးခြင်းမပြုလုပ်ရန် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ . “ အများပြည်သူ စုရုံးခွင့်ကို ကန့်သတ်လိုက်တဲ့ စစ်တပ်ရဲ့ လတ်တလောကြေညာချက်နဲ့ ပတ်သက်ပြီးတော့ လည်း ကျွန်တော်တို့ သေချာပေါက် အကြီးအကျယ်စိုးရိမ်နေ‌ပါတယ်။ ကျွန်တော်ယခင်ကပြောခဲ့သလိုပါပဲ ငြိမ်းချမ်းစွာဆန္ဒပြတာအပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့တွေလွတ်လပ်စွာဖွဲ့စည်း ခွင့်၊ ငြိမ်းချမ်းစွာစုရုံးခွင့်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်လွှားက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးအတွက် ကျွန်တော်တို့ အခိုင်အမာအားပေးထောက်ခံနေပါတယ်”ဟုလည်း နက်ပရိုက်စ်က ပြောသည်။ . မူရင်း : The Irrawaddy Burmese Edition . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: