
နေပြည်တော်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် မိန်းကလေးတစ်ဦးသေဆုံး ၊ ပြည်သူနှစ်ဦး စိုးရိမ်နေရ --------------------------------------------------------------------------------------------------- နေပြည်တော်က သပြေကုန်းအဝိုင်းအနီးမှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြလူအုပ်ကြီးကို ရဲတပ်ဖွဲ့က နေ့လယ်တစ်နာရီမှာ သေနတ်ပစ်ဖောက်ဖြိုခွင်းခဲ့လို့ အမျိုးသမီးတွေအပါအဝင် ဆန္ဒပြသူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆန္ဒပြသူ မိန်းကလေးတစ်ဦး သေဆုံးသွားကာ နှစ်ဦးကတော့ စိုးရိမ်နေရတဲ့ အခြေအနေဖြစ်တယ်လို့ နေပြည်တော်မှာ ရှိတဲ့ Duwun သတင်းထောက်က သတင်းပေးပို့လာပါတယ်။ အဲဒီလို အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့အတွက် ဆန္ဒပြသူတွေဟာ ပြေးလွှားရှောင်ရှားခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့တည်ရှိရာနေရာနဲ့ မီတာ ၁၀၀ နောက်ဆုတ် စည်းတားကာ ဆက်လက်ဆန္ဒပြနေကြကြောင်း သိရပါတယ်။ Credit: