No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နေပြည်တော်မှာ ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ခေါင်းမှာ သေနတ်ဒဏ်ရာ ပြင်းထန်စွာ (စိုးရိမ်ရ ) အသက် (၁၉) နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို တပ်မတော်ဆေးရုံကို ပြောင်းရွေ့ကုသဖို့ ဖိအားပေးနေတယ်လို့ နေပြည်တော် ကုတင် ၁၀၀၀ က ဆရာဝန်တစ်ဦးက ပြောပါတယ်။ နေပြည်တော်ကောင်စီ နဲ့ ကျန်းမာရေးဝန်ကြီးက ဒီကနေ့ ဖြစ်စဉ်မှာ ဒဏ်ရာပြင်းထန်တဲ့လူနာ နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ အားလုံးကို တပ်မတော် ကုတင် ၁၀၀၀ ဆေးရုံမှာ ပြောင်းရွှေ့ကုသဖို့ ပြောဆိုလာတာပါ။ “ ကျနောသိရသလောက် ရောက်တာက ၇ ယောက်လောက် ရောက်တယ်။ နှစ်ယောက်ထဲ ကောင်မလေးက တော်တော်လေးဆိုးတယ်။ လောလောဆယ် မသေသေးဘူး။ ဒါပေမယ့် အခြေအနေက တော်တော်စိုးရိမ်ရတယ်။ ခေါင်းကို ထိတာ ၊ CT အရ ကြည့်ရတာ ရော်ဘာဖု ဘယ်လို့မှ မဖြစ်နိုင်ဘူး။ ကျနော်တို့ဆီ လာပြောတာက နေပြည်တော်ကောင်စီ နဲ့ ကျန်းမာရေးဝန်ကြီးက ဒီမှာ ထိမိခိုက်မိတဲ့လူနာတွေကို စစ်ဆေးရုံမှာပဲ တက်ရောက်ကုသစေချင်တယ်လို့ ဒု ဆေးရုံကြီးအုပ်လာတွေ့ ပြီး လာပြောတယ်။ သူတို့က အကုန်ရွှေ့ပေးပါ လို့ လာတောင်းဆိုတာ။ လောလောဆယ် တပ်အပေါ်ပိုင်းက လူကြီးတွေကတော့ လာပြောတာမဟုတ်ဘူး။ ဒု ဆေးရုံအုပ်ကို ကျန်းမာရေးဝန်ကြီး ကိုယ်တိုင်က ဖုန်းဆက်ပြီး ခိုင်းတယ်လို့ သိရပါတယ် ။ လက်ရှိမှာ ခွဲစိတ်ဆောင်က လူနာသဘောကလည်း မသွားချင်ဘူး။ ကျနော်တို့ဆီမှာပဲ လက်ခံကုထားတယ် “ လို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ က ဆရာဝန်တစ်ဦးက ပြောပါတယ်။ ဒဏ်ရာ ရတဲ့ ပြည်သူတွေထဲ အမျိုးသမီးနှစ်ဦးမှာ တစ်ဦးက အသက်အန္တရာယ် စိုးရိမ်နေရပြီး တစ်ဦးကလည်း အခြေအနေမကောင်းဘူးလို့ သိရပါတယ်။ လက်တလောမှာ အမျိုးသမီးငယ်တစ်ဦးက အသက်အန္တရာယ် အလွန်အမင်း စိုးရိမ်နေရပြီး အထူးကြပ်မတ်ဆောင် ( ICU ) မှာ စောင့်ကြည့်ပေးနေရတယ်လို့ DVB ကို ပြောပါတယ်။ နေပြည်တော်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူ့လူထူကို ဖေဖော်ဝါရီ ၉ ရက် ၊ နေလည်လောက်မှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပတ်ခတ်လို့ ကျောင်းသားအပါအဝင် ဆန္ဒပြ ပြည်သူ ၂၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ #dvbtvnews #naypyitaw #NewsUpdate Credit: