No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လူမှုဖူလုံရေးဌာနဝန်ထမ်း ၄၀၀ ကျော် CDM လှုပ်ရှားမှုမှာ ပါဝင်ကြောင်း ကြေညာ ~~~~~ ■ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်က လူမှုဖူလုံရေးဌာနဝန်ထမ်း ၄၄၃ ဦးဟာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချပြီး အာဏာရှင်ဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေတယ်လို့ ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။ လူမှုဖူလုံရေးဌာန ဗဟိုနဲ့ တိုင်းနဲ့ပြည်နယ်တွေက ဝန်ထမ်းတွေဟာ စစ်အာဏာရှင်ပြုတ်ကျရေးလှုပ်ရှားမှုဖြစ်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးက အစိုးရဝန်ထမ်းတွေလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။ CDM လှုပ်ရှားမှုကို လူမှုဖူလုံရေးဌာန ဝန်ထမ်းတွေက ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ပါဝင်ကြတာဖြစ်ပြီး ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ ပြန်လည်အုပ်ချုပ်တဲ့အချိန်မှ အလုပ်တာဝန်တွေ ပြန်လည်ထမ်းဆောင်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ ဝန်ထမ်းတွေဟာ အစိုးရယန္တရားရပ်တန့်ရေးအတွက် CDM လှုပ်ရှားမှုမှာ တစ်နေ့တခြား ပူးပေါင်းမှုတွေများလာပြီး နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ်တွေက လူထုလှုပ်ရှားမှုတွေမှာပါ ပူးပေါင်းဆန္ဒပြတာတွေ ရှိလာပါတယ်။ ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကိုယ်စားပြုကော်မတီကလည်း CDM မှာပါဝင်တဲ့ဝန်ထမ်းတွေ မူလတာဝန်ရာထူးအတိုင်း ဥပဒေပြဌာန်းပြီး အကာအကွယ်ပေးသွားမယ်လို့ ဒီနေ့ ကြေညာထားပါတယ်။ Credit: