
မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ပေးအပ်ခံရသူဦးကျော်ဆန်းတာဝန် စတင်ထမ်းဆောင်ပြီဟုဆို ======================================================= ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မန္တလေးမြို့ တော်ဝန် အဖြစ်တာဝန်ပေးအပ်ခြင်းခံရသူ ဦးကျော်ဆန်းသည် မြို့တော်ဝန်တာဝန်များကို ဖေဖော်ဝါရီလ ၉ ရက် မှစ၍ ထမ်းဆောင်နေပြီဖြစ်ကြောင်းသိရသည်။ ယင်းကြောင့် မန္တလေးမြို့တော်ဝန်အဖြစ် စတင်ထမ်းဆောင်နေပြီဖြစ်သော ဦးကျော်ဆန်းသည် မြို့တော်စည်ပင်၏ လုပ်ငန်းစဉ်များကို လေ့လာနေသည်ဟု ပြောသည်။ “မန္တလေးမြို့နဲ့ ပတ်သက်လို့ အရင် ဆရာရဲတို့လုပ်သွားတာတွေကို လေ့လာနေတယ်။အရင်မြို့တော် ဝန်ကြီး လုပ်သွားတာတွေ ကောင်းပါတယ်။လိုအပ်တာလေးတွေနဲ့ ဒီထက်ကောင်းလာအောင် လုပ် ဆောင်သွားမှာပါ။ ခုတော့ စည်ပင်ဖွဲ့စည်းပုံ ဌာနအလိုက်လုပ်ငန်းစဉ်တွေလေ့လာနေပြီး ဌာနစုမှူး တွေ နဲ့ တွေ့ဆုံတာတွေလုပ် နေတယ်”ပာု ဦးကျော်ဆန်းကပြောသည်။ မန္တလေးမြို့တော်ဝန်အဖြစ်တာဝန်ပေးအပ်ခြင်းခံ ရသူ ဦးကျော်ဆန်းသည် ၂၀၁၀ မှ၂၀၁၅ သမ္မတဦး သိန်းစိန်အစိုးရလက်ထက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးအ ဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ တာဝန်စတင်ထမ်းဆောင်ချိန်ဖြစ်၍ ဌာန၏ဝင်ငွေများ၊ဌာနအလိုက်လုပ်ငန်းများကို လေ့လာလျက်ရှိပြီး မြို့တော်စည်ပင်သာယာ၏ရည်မှန်းချက်များအတိုင်း မြို့တော်သန့်ရှင်းရမည်၊မြို့တော်သာယာလှပရ မည် မြို့နေလူထုစိတ်ချမ်းသာရမည် စသည့်ရည်မှန်းချက်များကို အကောင်အထည်ဖေါ်လုပ်ဆောင် သွားမည် ဖြစ်ကြောင်းသိရသည်။ “စည်ပင်ဝန်ထမ်းတွေက CDM လှုပ်ရှားတယ်ဆိုတာ အဲလောက်မဟုတ်ပါဘူး။ဌာန ၁၄ ခုက ဝန်ထမ်း တွေရုံး တက်ကြပါတယ်။ပျက်ကွက်တာ လေးငါးခြောက်ယောက်လောက်ပါပဲ။ဒီမှာက ပန်းဥယျာဉ်ဌာန တို့ သန့်ရှင်း ရေးဌာနတို့က ပြင်ပ ယာယီဝန်ထမ်းတွေများတယ်။၃၀၀၀ ကျော်လောက်ဆိုတော့ စည် ပင်မှာ ၅၀ ရာခိုင်နှုန်း ကျော် လောက်ရှိတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။ မန္တလေးပြည်သူတို့၏ ထောက်ခံမှုအပြည့်အဝရရှိသည့်မြို့တော်ဝန်ဒေါက်တာရဲလွင်သည် တပ်မတော် မှ အာဏာရယူပြီးနောက် ဖေဖေါ်ဝါရီလ ၅ ရက်ကတည်းကပင် ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ၎င်း၏ လူမှု ကွန်ယက်စာမျက်နှာတွင် ၎င်းတာဝန်ယူခဲ့သည့် ၅နှစ်တာအတွင်း ပြောင်းလဲပေးခဲ့ပြီးပြည် သူနဲ့အ တူရှိလာသည့် စည်ပင်ဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း၊မြို့တော်ဖွံ့ဖြိုး တိုးတက်အောင်လှူ ဒါန်းကြ သည့်၊ကူညီကြသည့်၊စည်ကမ်းပိုရှိလာသည့် မြို့တော်သူမြို့တော်သားများအား အထူးကျေးဇူးတင် ကြောင်း ရေးသားခဲ့သည်။ ယခုအခါမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စည်ပင်ဝန်ထမ်းအချို့ CDM Civil Disobedience Movement တွင် ပါဝင်နေသောကြောင့် ပိတ်ထားရသည့် စည်ပင်ဌာနများလည်း ရှိနေကြောင်း သိရသည်။ နိုင်ထူး Credit: