
တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားအစိုးရလက်ထက်ကရွေးချယ်ခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို တာဝန်မှရပ်စဲကာအုပ်ချုပ်ရေးယန္တရားတစ်ခုကို အသစ်အစားထိုးရန် ပထမဆုံးဆောင်ရွက်ခြင်းလည်းဖြစ်နိုင်သည်ဟု အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ယောက်ကသုံးသပ်သည်။ ''အကုန်ပြောင်းမယ်ပြောတာပဲ၊ လူလိုက်ရှာနေတယ်ကြားတယ်၊ ဒါပေမယ့်လုပ်ရဲသူတစ်ယောက်မှမရှိဘူး။ လက်ရှိအုပ်ချုပ်ရေးမှူးတွေ အကုန်အနားပေးရမယ်''ဟု ၎င်းက ပြောသည်။လက်ရှိတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများကို တာဝန်ကရပ်စဲလိုက်ကြောင်း ကြေညာလိုက်သော်လည်းအသစ်ပြန်လည်ခန့်အပ်မည့် ပုံစံကိုမသိရှိရသေးကြောင်း ၎င်းကပြောသည်။ Credit: