No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အာဏာသိမ်းပြီးနောက် တပ်ရဲ့ နေ့စဉ်ညွှန်ကြားချက်တွေကို တယ်လီနော ထုတ်ပြန် တပ်အာဏာသိမ်းပြီးနောက် ဖေဖေါ်ဝါရီ ၁ ရက်က စပြီး တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေ ခေတ္တဖြတ်တောက်ဖို့ ညွှန်ကြားချက်တွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက တယ်လီကွန်းအော်ပရေတာတစ်ခုဖြစ်တဲ့ တယ်လီနောက သူတို့ရရှိခဲ့တဲ့ ညွှန်ကြားချက်တွေကို နေ့အလိုက် ထုတ်ပြန်ဖော်ပြထားတာ တွေ့ရပါတယ်။ ဖေဖေါ်ဝါရီ ၁ ရက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖုန်းလိုင်းဖြတ်ပြီး မကြာခင် လိုင်းပြန်ဖွင့်၊ ဖေဖေါ်ဝါရီ ၃ ရက်မှာ ရခိုင်နဲ့ ချင်းက မြို့နယ်ရှစ်ခုကို အင်တာနက်လိုင်းပြန်ဖွင့်၊ ဖေဖေါ်ဝါရီ ၄ ရက်မှာ Facebook ကို ယာယီပိတ်၊ ဖေဖေါ်ဝါရီ ၅ ရက်မှာ Twitter နဲ့ Instagram ကို ပိတ်၊ ဖေဖေါ်ဝါရီ ၆ ရက်မှာ အင်တာနက်လိုင်း သီးသန့်ပိတ်၊ ဖေဖေါ်ဝါရီ ၉ ရက်မှာ IP Address တွေ ယာယီပိတ်၊ ဖေဖေါ်ဝါရီ ၁၀ ရက်မှာ IP Address တွေ ယာယီပိတ်၊ ဖေဖေါ်ဝါရီ ၁၁ ရက်မှာ IP Address နဲ့ URL တွေ ယာယီပိတ်၊ ဖေဖေါ်ဝါရီ ၁၂ ရက် ကနေ ၁၄ ရက်အထိလည်း IP Address တွေ ယာယီပိတ်ဖို့ ညွှန်ကြားချက်တွေ ရရှိခဲ့တယ်လို့ တယ်လီနောရဲ့ website မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ Credit: