No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပြည်သူ့ ဝန်ထမ်းတွေ CDM လုပ်ကြဖို့ တောင်းဆိုခဲ့ကြတဲ့ အနုပညာရှင်များ *********************** Civil Disobedience Movement (CDM) မှာ ပါဝင် ပူးပေါင်းပေးကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ ကို ဂုဏ်ပြုသလို မပါဝင်နိုင်သေးတဲ့ ပြည်သူ့ ဝန်ထမ်းတွေကိုလည်း ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုတဲ့ အနေနဲ့ ဒါရိုက်တာ ဏကြီး၊ သရုပ်ဆောင် ပြေတီဦး၊ ခါရာ၊ အောင်ရဲထိုက်၊ အိန္ဒြာကျော်ဇင်၊ မျိုးသန္တာထွန်း၊ ပိုင်ဖြိုးသု၊ မေတိုးခိုင် စတဲ့ အနုပညာရှင်များ၊ ဆရာဝန်များမှ ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရန်ကုန်၊ ကျောက်တံတား မြို့နယ်ရှိ အစိုးရရုံးများ ရှေ့မှာ သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #NaGyi #PyayTiOo #KharRa #AungYeHtike #EaindraKyawZin #MyoThandarHtun #PaingPhyoThu #SaveMyanmar #MyanmarCDM #MyanmarDemocracy #MyanmarCelebrity Credit: