
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအပေါ် ဒုတိယခြေလှမ်း +++++++++++ ကုလသမ္မဂလုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီများက အစည်းအဝေးများပြုလုပ်၍ မြန်မာ့အရေးကို ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသော်လည်း သာမန်အားဖြင့် ထုတ်ပြန်ကြေငြာချက်များကိုသာ ထုတ်ပြန်နိုင်ခဲ့ကြပါတယ်။ သို့သော် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က (၁၃/၀၂) တွင်မူ ထူးခြားတဲ့ အခြေအနေတခုကို ကြေငြာခဲ့ပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုက အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ်ပုံမှန်မဟုတ်သောထူးကဲတဲ့ခြိမ်းခြောက်မှု(Unusual and Extraordinary Threat) ဖြစ်တဲ့အတွက် ၎င်းလုပ်ပိုင်ခွင့်ရှိတဲ့ အုပ်ချုပ်ရေးအာဏာအရ အမေရိကန် အမျိုးသားအရေးပေါ်အခြေအနေ (US National Emergency) ကိုထုတ်ပြန်ကြေငြာလိုက်တာပဲ ဖြစ်ပါတယ်။ ဒါက မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် ကြီးမားတဲ့ ဖိအားပေးမှုတခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအပေါ် ဒုတိယခြေလှမ်း အဖြစ်ရှုမြင်နိုင်ပါတယ်။ ပထမခြေလှမ်းအဖြစ် စစ်အာဏာရှင်တွေအပေါ် စီးပွားရေးအရပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီတော့ အမေရိကန် အမျိုးသားအရေးပေါ်အခြေအနေကိုထုတ်ပြန်ကြေငြာမှုမှာ ဘာတွေလုပ်ပိုင်ခွင့် ရှိသလဲ လေ့လာကြည့်ကြရအောင်ပါ။ အဓိကကတော့ စစ်ရေးအရေးယူနိုင်မှုလို့ ရှုမြင်နိုင်ပါတယ်။ အရေးပေါ်အခြေအနေကြေငြာတဲ့အချိန်မှာ အမေရိကန်သမ္မတဟာ အရေးပေါ်ကာလကာကွယ်ဦးစီးချုပ်ဖြစ်သွား ပြီး တပ်ပေါင်းစုကို တိုက်ရိုက်အမိန့်ပေးနိုင်သလို လွှတ်တော်တွေရဲ့ခွင့်ပြုချက်ကို ရယူရန်မလိုဘဲ စစ်ကြေငြာခွင့်ကိုလည်း ရရှိသွားပါတယ်။ ထို့အတူ အမေရိကန် လွှတ်တော်နှစ်ရပ်ရဲ့ ခွင့်ပြုချက်ကို ရယူရန်မလိုဘဲ တိုက်ခိုက်လိုသည့်ပစ်မှတ်များကို အမေရိကန်သမ္မတတစ်ဦးအနေနဲ့ ပစ်ခတ်တိုက်ခိုက်ပိုင်မှု လုပ်ပိုင်ခွင့်အာဏာကို ရရှိသွားတာဖြစ်ပါတယ်။ ဒီအမိန့်ကြောင့် အီရန်စစ်ဗိုလ်ချုပ်ကြီးကိုတိုက်ခိုက်လုပ်ကြံသလို မြန်မာ့စစ်အာဏာရှင်တွေကို ပစ်ခတ်တိုက်ခိုက်တော့မှာလား၊ စစ်ရေးအရ ပြင်းပြင်းထန်ထန်အရေးယူတော့မှာလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအပေါ် ဒုတိယခြေလှမ်းလှမ်းလိုက်မှုက မြန်မာ့စစ်အာဏာရှင်တွေအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေနဲ့ မှောင်မည်းလှတဲ့ ကံကြမ္မာဆိုးတိမ်တိုက်ကြီးတွေ ရောက်ရှိလာပြီဆိုတာကတော့ ငြင်းဆိုမရတဲ့ အချက်ပဲ ဖြစ်ပါတော့တယ်။ နောက်ဆုံးရသတင်းအရ မြန်မာ့ လေပိုင်နက်ထဲကို ( နေပြည်တော်ကောင်းကင်ယံ) အမေရိကန် ဒရုန်းတစ်စင်း ရောက်ရှိနေကြောင်းကို တရုတ်ဆင်ဟွာ သတင်းဌာနက ၁၄ ရက်နေ့ ည ၁၀ နာရီမှာ အတည်ပြုထုတ်လွှင့် ကြေငြာသွားခဲ့ပါတယ်။ မြန်မာစစ်အာဏာရှင်တွေရဲ့ နိဂုံးချုပ် အဆုံးသတ်ဟာ မဝေးကွာနိုင်တော့ကြောင်း တင်ပြလိုက်ရပါတယ်။ ခင်မင်လေးစားစွာဖြင့် ဒေါက်တာဖိုးဖြူ (အထက်တန်းရှေ့နေ) Doctor of Letters in Law St. Clements University, LL.M in International Trade and Commercial Law University of Essex,UK Founder & CEO Phoe Phyu & Associates Law Firm www.uphoephyu.org 09960278100 Credit: