No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ထိုင်းနိုင်ငံစမွတ်ဆာခွန်မြို့မှာ စတင်ပြန့်နှံ့ခဲ့တဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ထိုင်းဝန်ကြီးချုပ် ပရရွတ် ချန်အိုချာ က နယ်စပ်စည်းရိုးတွေကို ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ကြပ်မတ်ခဲ့ပြီး နယ်စပ်စည်းရိုးတစ်လျှောက်စစ်ဆေးရေးဂိတ် ၂၈၄ ဂိတ်၊ မြို့ဝင်ဂိတ် ၅၇၉ ဂိတ်၊ ရွေ့လျားစစ်ဆေးရေးတပ်ဖွဲ့ပေါင်း ၁,၇၁၄ ဖွဲ့ တို့ကို တိုးမြှင့် နေရာချခဲ့တယ်လို့သိရ ပါတယ်။ ထပ်မံပြီး ၄င်းကတရားမဝင်လုပ်သားတွေနဲ့ လူမှောင်ခိုပို့ဂိုဏ်း တွေကို အမြစ်ပြုတ်ချေမှုန်းဖို့ အမိန့်ပေးခဲ့တယ် လို့သိရပါတယ်။ . ထိုင်းနိုင်ငံဗဟိုရဲတပ်ဖွဲ့ကတော့ ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့အတွင်း ခိုးဝင်လုပ်သား ၃၉၆ ဦး၊ လူမှောင်ခိုပို့ဂိုဏ်း ၂၉ ဦး၊ ဖမ်းဝရမ်းရှိသူ ၁၉ ဦး၊ လျှို့ဝှက်ကူညီပေးသူ ၉၁ ဦးနှင့် လူမှောင်ခိုပို့ဂိုဏ်းများ အသုံးပြုတဲ့ ပစ်ကပ်ကား ၂၂ စီးတို့ကို ပြည်သူပိုင်အဖြစ်သိမ်းနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ . လွန်ခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ခရိုင်ပေါင်း ၉ ခုက သံသရှိရတဲ့ ၂၁ ပွိုင့်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ လူမှောင်ခိုပို့ဂိုဏ်း ၁၄ ဦး၊ ကား ၉ စီး နှင့် လူမှောင်ခိုပို့ဂိုဏ်းခေါင်းဆောင်တစ်ဦး၏ နေအိမ်မှာရပ်ထားတဲ့ကား ၁၉ စီးတို့ကို စစ်ဆေးနိုင်ခဲ့ပြီး အခြားချိတ်ဆက် လူမှောင်ခိုပို့ဂိုဏ်း ၁၀ ဖွဲ့ခန့်ကို သဲလွန်စရရှိခဲ့တယ်လို့သိရပါတယ်။ . ၂၀၂၁ ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ ရဲတပ်ဖွဲ့တွေအလိုရှိနေတဲ့ လူမှောင်ခိုပို့ ဂိုဏ်းခေါင်းဆောင် ကျဲ့ဖစ် ကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ကျဲ့ဖစ်ဟာ ကိုဗစ်ဒုတိယလှိုင်းစတင်ပြန့်ပွားခဲ့တဲ့ စမွန်ဆာခွန်ခရိုင် ပုဇွန်ဈေးကို တရားမဝင်လုပ်သားတွေဒိုင်ခံပို့နေတဲ့ လူမှောင်ခိုပို့ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး သူနှင့်အတူတွဲဖက် လုပ်ကိုင်နေတဲ့သူတွေဟာ အစိုးရဝန်ထမ်းတွေအများစုဖြစ်တယ်လို့ ရဲဒုဗိုလ်ချုပ်မှုးကြီး စုမ်ဖုန်း ကပြောပါတယ်။ . ကျဲ့ဖစ် ဟာတစ်ခါလူပို့ရင် တစ်ဦးကို ဘတ် ၆၀၀၀-၁၂၀၀၀ ထိယူပြီး စာရွက်စာတမ်းအခံရှိတဲ့ခိုးဝင်လုပ်သားတွေကို နယ်စပ်မှာ Border pass လုပ်ပေးကာ ၄င်းက ကန်ကျနဘူရီခရိုင်ကတစ်ဆင့် စမွတ်ဆာခွန်အစရှိတဲ့ ခိုးဝင်လုပ်သား တွေသွားလိုတဲ့ ခရိုင်တွေကို လိုက်လံပို့ဆောင်တယ်လို့သိရပါတယ်။ . အထောက်အထားတစ်စုံတရာမှ မရှိတဲ့ လုပ်သားတွေကိုတော့ ၄င်းဟာတောလမ်းကခေါ်ဆောင်ပြီး တရားမဝင်လူ မှောင်ခိုပို့ဂိုဏ်းအဖွဲဝင်ဖြစ်တဲ့ ရဲမင်းနှင့် အောင်ကျော်တို့က အခြားခရိုင်တွေကို လိုက်ခံပို့ဆောင်ပေးပါတယ်။ လက်ရှိမှာတော့ ရဲမင်းနှင့် အောင်ကျော် အပါအဝင် လူမှောင်ခိုဂိုဏ်းအတော်အများကိုဖမ်းဆီးရမိနေပြီး ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့်ပူးပေါင်းကာ အမြစ်ပြတ်ချေမှုန်းရေးတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ . Ref : policetv.tv Win Htet (MML) . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife Credit: