No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"တောင်ကြီးတွင် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူတစ်သိန်းကျော်ဆန္ဒပြ" ရန်ကုန် - တောင်ကြီးမြို့တွင် အာဏာရှင်စနစ်အလိုမရှိကြောင်းကို ပြည်သူတစ်သိန်းကျော်က လမ်းလျှောက်ဆန္ဒပြခဲ့ပြီး ဆိုင်ကယ်အစီး ၃၀၀ကျော်လည်း ပူးပေါင်းပါဝင်ခဲ့သည် ။ တောင်ကြီးမြို့၏ ဆန္ဒပြသူများက ဗိုလ်ချုပ်လမ်းအတိုင်း လမ်းလျှောက် ချီတက်ခဲ့သည် ။ ဆန္ဒဖော်ထုတ်ပွဲတွင် CDM လုပ်ဆောင်ရန် ၊ စစ်အာဏာရှင်အစိုးရအလိုမရှိ ၊ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များ ပြန်လွှတ်ပေးရေး အစရှိသည့် ကြွေးကြော်သံများ ဟစ်ကြွေး၍ ရှမ်းပြည်နယ်လွှတ်တော်ရုံးအနီးအ ထိလမ်းလျှောက်ချီတက်ခဲ့ကြသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ဒေသခံ လူငယ်များ၊ ကျောင်းသား၊ကျောင်းသူများ၊ ဝန်ထမ်းအချို့ နှင့် ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံ ဝါသနာရှင်များ ပူးပေါင်းပါဝင်ခဲ့ကြပြီး ယနေ့ဆန္ဒဖော်ထုတ်မှုသည် ကိုးရက်မြောက်ဖြစ်သည် ။ ဓာတ်ပုံ - 7Day News Credit: