No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

#ငလျင်အန္တရာယ်သတိပြုရန် ခုချိန်မှာ မပြောချင်ပေမယ့် ပြောရပါမယ်။ ခုလိုကာလကြီးမှာ မပြောချင်ပါဘူး ။ ပြောဖို့အားလဲ မရှိပါဘူး 😢😢😢 ပြောမှ ဖြစ်မှာမို့ စေတနာရှေ့ထားပြီး ပြောရတာပါ😢😢😢 ခုလ Feb 17 ၊ 2021 အထိ ၊ ၁ ရက်နေ့မှ ၁၇ ရက်နေ့ ည ၁၂ နာရီ အထိကို ငလျင် အကြိမ်ပေါင်း ၃၁ ကြိမ် ပြည့်သွားပါပြီ ။ ဘာကို ဖော်ပြနေလဲ ဆိုရင် အားပြင်းငလျင်တွေ လာတော့မယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်ပါပဲ ။ ခုလဲ ညဘက်တွေမှာ ခဏခဏ ကျီးပြိုပါတယ် ။ ပြီးခဲ့တဲ့ 2020 ထဲမှာတော့ Feb လဝက်လောက်မှာ ၉ ကြိမ်လောက်အထိပဲ လှုပ်ထားတာပါ ။ ဒီနှစ်က အဆမတန်ကို အကြိမ်ရေ များလာသလို တလထက်တလ ပိုပိုပြီး အကြိမ်ရေ စိပ်လာတာပါပဲ ။ ကျွန်တော့်လေ့လာမှူထဲမှာ တလထဲ အတောအတွင်း လဝက်လောက်မှာ အကြိမ် ၃၀ ကျော် မဖြစ်ဖူးသေးပါဘူး ။ မိုး/ဇလ ကလဲ အကြိမ်ရေတိုင်း မဖော်ပြကြပါဘူး ။ အတော်လေး စိုးရိမ်စရာအနေအထားလို့ပဲ ပြောချင်ပါတယ် ။ ရန်ကုန်နဲ့ အနီးဆုံး လှုပ်တာတော့ ပဲခူးတိုင်း ဝေါမြို့နယ် ထဲမှာ အနီးဆုံး လှုပ်ခဲ့တာပါပဲ ။ အကြိမ်ရေ စိပ်လာလေ ပိုပြီး စိုးရိမ်လာရလေပါပဲ ။ အခုလက ရှမ်းပြည်နယ်ထဲမှာပဲ အကြိမ်ရေ အရမ်းများနေတာ ဖြစ်ပါတယ်။ ပင်လယ်ထဲမှာလဲ လှုပ်တာတွေများပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် စိုးရိမ်စရာဖြစ်လာနေပါပြီ ။သတိထားကြဖို့လိုပါတယ် ။ အများပြည်သူ သိသင့်တယ် ထင်လို့ မျှဝေပေးခြင်းသာ ဖြစ်ပါတယ် ။ လေ့လာထားသမျှ ပြည်သူကို အကျိုးပြုဖို့ပါ။ #ပြည်သူပြည်သားများသဘာဝဘေးကင်းဝေးကြပါစေ🙏🙏🙏 သော်ဖြိုးရွှေ(Geology 99) Credit: