
ဖေဖော်ဝါရီ ၁၅ ရက်က မန္တလေးမြို့အဝင် မုခ်ဦး(တံခွန်တိုင်အဝိုင်း)တွင် ဉာဏ်ရည် မသန်စွမ်းသူနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူကို ရဲတပ်ဖွဲ့ဝင် ၆ ဦးခန့်က လက်ကိုင် တုတ်များဖြင့် ရိုက်နှက်သည့် ရုပ်သံမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ “ဉာဏ်ရည်နှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူကို ရိုက်နှက်တာက လုံးဝမဖြစ်သင့်ဘူး။ နိုင်ငံ ရေးဆိုတာ သူက ဘာမှ နားမလည်ဘူး။ သူ့အဖွားနဲ့နေပြီး ရပ်ကွက်တွေမှာ မုန့်ဝေတိုင်းမှာ သူ့အဖွားအတွက်တောင်းလေ့ ရှိတယ်။ အဲဒီနေ့က ဆန္ဒပြတဲ့ လူအုပ်စုထဲပါသွားပြီး ရဲတွေဝိုင်းရိုက်ချိန်မှာ သန်စွမ်းသူတွေ ထွက်ပြေးသွားပေမယ့် သူက ကျန်ရစ်ခဲ့ ပြီး ရိုက်နှက်ခံရတယ်။ လူသိရှင်ကြားတောင်းပန်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။ Credit: