No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြစ်ကြီးနားမှာ ဆရာမ ၂ဦး ဖမ်းဆီးခံရ မြစ်ကြီးနားပညာရေးကောလိပ်ရှေ့မှာ ရောက်ရှိနေတဲ့ ဆရာဆရာမ အချို့ထဲက ဆရာမ ၂ဦးကို မနက် ၈နာရီ ၄၅မိနစ်လောက်မှာတပ်မတော်သားတွေကဖမ်းဆီး ခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကားတွေပေါ်ကနေ လေးခွနဲ့ပစ်ခတ်မှုကြောင့် သတင်းသမားအချို့ ထိမှန်ခဲ့ပေမယ့် ဆိုင်ကယ်ဦးထုပ်တွေဆောင်း ထားတဲ့အတွက် ထိခိုက်ဒဏ်ရာရ တာမျိုးတော့မရှိခဲ့ဘူးလို့သိရပါတယ်။ လူစုလာတဲ့နေရာတိုင်းနီးပါးကို စစ်ကားတွေနဲ့ရဲကားတွေရောက်ရှိလာပြီး လေးခွနဲ့ ပစ်ခတ်တာ ဖမ်းဆီးတာတွေကို လုပ်ဆောင်နေတယ်လို့မြစ်ကြီးနားအခြေစိုက် ဘီဘီစီသတင်းထောက်က သတင်း ပေးပို့ထားတဲ့အကြောင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်း ၀က်ဘ်ဆိုက်မှာ တိုက်ရိုက်ထုတ်လွှင့် ပေးနေတာကို ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://bbc.in/2Zuaay3 Credit: