
"နှစ်ရက်အတွင်း ဒေါ်လာနှင့် ရွှေဈေး အနည်းငယ်ပြန်ကျ" ပြည်တွင်း ငွေကြေး ဈေးကွက်တွင် နှစ်ရက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ၁၅ ကျပ်ခန့်နှင့် အခေါက်ရွှေတစ်ကျပ် သားလျှင် ကျပ်တစ်သောင်းခွဲခန့် ဈေးပြန်ကျလာကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။ ဖေဖော်ဝါရီ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၄၂၀ နှင့် ၁,၄၄၅ ကျပ်ကြား ဈေးဖွင့်ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၃၈၈,၀၀၀ ဈေးဖွင့်သည်။ လက်ရှိ ငွေကြေးဈေးကွက် တွင် ဒေါ်လာဝယ်လိုအားအနည်း ငယ်ပြန်လျော့သွားသဖြင့် ဈေးကျ ဆင်းခြင်းဖြစ်သည်ဟု ပြင်ပငွေလဲ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ Credit: