
မန္တလေးတိုင်းက ရန်ကုန်တိုင်းထက် ကိုဗစ်လူနာတွေ့ရှိမှု ပိုမိုများပြားနေဆဲဖြစ် ယနေ့ညနေ ၄ နာရီခွဲမှာ ဇန်နဝါရီ၂၄ရက် (မနေ့) က တွေ့ရှိထားတဲ့ ကိုဗစ်ပိုးတွေ့လူနာစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဆိုပါစာရင်းအရ မန္တလေးတိုင်းက ရန်ကုန်တိုင်းထက် ပိုးတွေ့ရှိမှု ဆက်လက်များပြားနေဆဲဖြစ်တာကို တွေ့ရှိရပါတယ်။ ဇန်နဝါရီလ ၁၇ ရက်နေ့ကစပြီး မန္တလေးတိုင်းက ရန်ကုန်တိုင်းထက် ပိုးတွေ့လူနာ ဆက်တိုက်များပြားနေခဲ့ရာ အခုချိန်အထိ များပြားနေတာကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ Credit: