No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

၁၂ ရက် အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၉၆ ဦးရှိ ဇန်နဝါရီ ၁၂၊ ၂၀၂၁ ဒီနေ့တော့ သေဆုံးသူ ပြန်လည်မြင့်တက်လာပါတယ်။ သေဆုံးသူ ၂၀ ဦးရှိလာပြီး၊ ၁၅ ဦးကတော့ ရောဂါအခံရှိကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ ဇန်နဝါရီလမှာ သေဆုံးသူဦးရေ အနည်းငယ်လျော့လာပေမယ့် ဇန်နဝါရီလ ၅ ရက်မှာတော့ သေဆုံးသူက ၂၂ ဦးအထိ ရှိခဲ့ပြီး၊ ဒီလမှာ သေဆုံးသူ အများဆုံးနေ့ဖြစ်ခဲ့တာပါ။ ပိုးတွေ့လူနာကတော့ ၅၅၁ ဦးဖြစ်ပါတယ်။ ဇန်နဝါရီလရဲ့ ၁၂ ရက်တာကာလအတွင်းတော့ ကိုဗစ်ကြောင့် သေဆုံးသူပေါင်း ၁၉၆ ဦးရှိလာခဲ့တာပါ။ ကိုဗစ်ဒုတိယလှိုင်းမှာ နေ့စဉ် လူနာ တစ်ထောင်ကျော် တွေ့ခဲ့ရပေမယ့် အခုတော့ ရာဂဏန်းအထိ ကျလာသလို ဒီထက်ပိုကျဖို့ ရှိ တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ရုပ်သံသတင်းထောက် - ယဉ်မွန် Credit: