
‘တရုတ်သံရုံးရှေ့ ဆန္ဒပြကန့်ကွက်မှုမြင်ကွင်းများ’ အာဏာရှင်စနစ်ဆန့်ကျင်ကြောင်းကို လမ်းမပေါ်ထွက်လာပြီး ဆန္ဒပြသည့် ပြည်သူလူထုမှာ ယနေ့ (၁၅)ရက်မြောက်နေ့လည်းဖြစ်သည်။ ယနေ့ ရန်ကုန်မြို့တွင် လူစည်ကားရာ နေရာများ၊ နိုင်ငံတကာသံရုံးရှေ့ များအပါအဝင် နေရာအနှံ့အပြားတွင် လူငယ်အများစုပါဝင်သော ပြည်သူလူထုက ပုံစံအမျိုးမျိုးဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည်။ အဆိုပါသံရုံးများအနက် ဆန္ဒပြလူငယ်အများစုမှာ တရုတ်သံရုံးရှေ့သို့ နေ့စဥ်သွားရောက်ဆန္ဒပြကန့်ကွက် နေကြသည်။ တရုတ်အစိုးရသည် မြန်မာ၏လက်ရှိဖြစ်ပေါ်နေမှုကို ပြည်တွင်းရေးဟုဆိုကာ နိုင်ငံတကာခေါင်းဆောင်များကို ပြောကြားထားသည်။ ထိုသို့ပြောကြားမှုအပေါ် ကန့်ကွက်ပြီး တပ်မတော်အပေါ် ကူညီမှုများပေးနေသည်ဆိုကာ မြန်မာပြည်သူများက အပြင်းအထန်ကန့်ကွက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေကြသည့် ပြည်သူများ၏ မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ Credit: