20
Feb

ပျဉ်းမနား ဒီနေ့မြင်ကွင်း ဖေဖော်ဝါရီ − ၂၀၊ ၂၀၂၁ အုပ်ချုပ်ရေးမြို့တော် နေပြည်တော် မှာ လုံခြုံရေးတင်းကျပ်ထားပေမယ့် ထောင်နဲ့ချီတဲ့ ဆန္ဒပြလူထုဟာ ပျဉ်းမနားမှာ လှည့်လှည်ဆန္ဒထုတ်ဖော်နေပါတယ်။ ပျဉ်းမနားမြို့ ၊ အ .ထ . က ၁ ရှေ့ မှာ ဒီနေ့ မနက် ၉နာရီခွဲက စတင်တဲ့ သပိတ်စစ်ကြောင်းမှတော့ ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ မီးရထားဝန်ထမ်းတွေအပါအဝင် ဒေသခံတွေပါဝင်ကြပါတယ်။ သပိတ်စစ်ကြောင်းဟာ ပျဉ်းမနားမြို့တွင်းကို ခြေလျင်၊ ဆိုင်ကယ်တွေ၊ကားတွေနဲ့လှည့်လည်ကြပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကိုပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ Credit: