တီးတိန်မြို့က ၇၃ ကြိမ်မြောက် ချင်းအမျိုးသားနေ့ ~~~~~ ■ ၇၃ ကြိမ်မြောက် ချင်းအမျိုးသားနေ့မှာ ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူတွေ စစ်အာဏာဆန့်ကျင်ရင်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။ "ချင်းအမျိုးသားနေ့ဟာ ၁၉၄၈ မှ စခဲ့တာ ဒီနေ့နဲ့ဆို ၇၃ ကြိမ်မြောက်ပေါ့နော်။ အရင်တုန်းကတော့ ပုံမှန် ချင်းပြည်နယ်မြို့တိုင်းမှာ လုပ်လေ့ရှိတာပေါ့နော်၊ အစိုးရလူကြီးပါဝင်လို့လေ့ရှိတာ၊ ဒီနေ့ကျတော့ စစ်အာဏာရှင်က နိုင်ငံတော်ကို သိမ်းလိုက်တဲ့အခါမှာ ကျွန်တော်တို့က အရင်လိုလုပ်လို့မရတော့ဘဲ ဒီနေ့မှာ ချင်းပြည်သူတွေကပဲ ဦးဆောင်ပြီး ဆန္ဒပြရင်းနဲ့ ၇၃ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ကျင်းပတာဖြစ်ပါတယ်"လို့ တီးတိန်ဒေသခံတစ်ဦးဖြစ်တဲ့ ဆရာကျင့်ဘွေ့ က RFA ကိုပြောပါတယ်။ ချင်းပြည်နယ် တစ်ခုလုံးမှာရှိတဲ့ တခြားမြို့တွေမှာလည်း စစ်အာဏာကို ဆန့်ကျင်ရင်းနဲ့ ၇၃ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ကျင်းပကြတယ်လို့ သိရပါတယ်။ Credit:
