No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်အား တရားစွဲဆို ================================== မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲ လွင်အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို၍ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်တွင် Video Conferencingဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အောင်မြေ သာစံမြို့နယ်တ ရားရုံးမှ သိရသည်။ “ဒီနေ့က စွပ်စွဲခံရသူ မြို့တော်ဝန်ကြီးကို ရုံးရှေ့အရောက်ဖြစ်ပါတယ်၊ ဒေါက်တာရဲလွင်ရဲ့ အမှုကတော့ အောင်မြေသာစံမြို့ နယ်တရားရုံးကို အောင်မြေသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိ ယ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးစိုးမြင့်အောင် က ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ အရေးယူပေးပါရန်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်က ဦးတိုက်လျှောက် ထားတိုင်တန်းခဲ့တဲ့ အမှုဖြစ်ပါတယ်”ဟု အောင်မြေသာစံမြို့နယ်တရားရုံး သတင်း ပြန်ကြားရေးအရာရှိ ဦးလှမျိုးဝင်းက ပြောသည်။ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုရခြင်းမှာ ဖေဖော်ဝါရီလ ၁ ရက် တွင် တပ်မတော်မှ အာဏာရယူပြီး နောက်ပိုင်းတွင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် အသုံးပြုနေသည့် Ye Lwin Facebook အကောင့်မှနေ၍ စည်ပင်ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန် လှုံဆော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ “မြို့တော်ဝန်ကြီးကို ကျနော်တို့ သိတာကတော့ ဝန်ကြီးချုပ်ကြီးကို တရားစွဲပြီး ရုံးတင်တဲ့နေ့ကမှ တ ရားရုံးကို ဦးတိုက် လျှောက်ထားတယ်လို့ သိရတယ်၊ ဒီနေ့ကတော့ မြို့တော်ဝန်ကြီးကို ဝရမ်းပြန် သွင်း ရတဲ့ရက်ပေါ့ဗျာ၊ အမှန်ဆိုရင် ရုံးတော် ရှေ့အရောက် ပေးပို့ရမှာပေါ့၊ သို့သော် ဒီနေ့က မြို့တော် ဝန် ကြီးကို ရုံးမထုတ်ဘဲ Video Conferencing နဲ့ပဲ ရုံးချိန်းပေးခဲ့တာ ပါ၊ ပုဒ်မကတော့ ၅၀၅(ခ)ပါ၊ မြို့ တော်ဝန်ကြီးကိုယ်စား လိုက်ပါဆောင်ရွက်ပေးဖို့ ကိုယ်စားလှယ်စာကို ရဲကို ပေးလိုက် တယ်၊ မြို့တော် ဝန်ကြီးလက်မှတ်ထိုးပြီးတာနဲ့ ရှေ့နေပါဝါတင်သွားမှာပါ”ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲ လွင်ဘက်မှ ကိုယ်စား လှယ်အဖြစ် လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေကြီး ဦးမျိုး အောင်က ပြောသည်။ နိုင်ထူး Credit: