No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အင်းစိန်မြို့နယ်မှ CDM တွင်ပါဝင်သော ဝန်ထမ်း ၅၀ ကျော်အတွက် တတိယအသုတ် ချီးမြှင့်မည် ===================================================== အင်းစိန်မြို့နယ်မှ CDM တွင်ပါဝင်သော ပြည်သူ့ဝန်ထမ်း ၅၂ ဦးအတွက် တတိယအသုတ်အဖြစ် ချီးမြှင့်မှုကိုဖေဖော်ဝါရီလ ၂၃ ရက်တွင် ငွေကျပ် ၁၀၃၇၈၀၀၀ (တစ်ရာ့သုံးသိန်းခုနစ်သောင်းရှစ်ထောင်ကျပ်) ပေးအပ်သွားမည်ဖြစ်ကြောင်း အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ် စားလှယ် ဦးဝေ ဖြိုးဟန်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာ မှတစ်ဆင့် အသိပေးထားသည်။ အင်းစိန် CDM ကွန်ရက်ကို ဖေဖော်ဝါရီလ ၃ ရက်က စတင်ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပထမအသုတ်အဖြစ် ၁၁ ဦး ၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဒုတိယအသုတ်အဖြစ် ၂၇ ဦး၊ စုစုပေါင်း ၃၈ ဦးစာ ၈၂၈၁၀၀၀ ကျပ် (ရှစ်ဆယ့်နှစ်သိန်းရှစ်သောင်းတစ်ထောင်ကျပ်) ပေးအပ်ခဲ့ပြီး ဖြစ် ကြောင်း သိရသည်။ ယနေ့ထိ အင်းစိန် CDM ကွန်ရက်ထံ စာရင်းအဝင်ဦးရေ ၆၅၆ ဦးရှိပြီး ယင်းအားလုံးကို အမြန်ဆုံးချီးမြှင့် ထောက်ပံ့မှုပြုနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်း၊ပူးပေါင်းပါဝင်အားဖြည့်လှူဒါန်းလိုသူများအနေဖြင့် အင်း စိန် CDMကွန်ရက် တယ်လီဖုန်း 09758507076, 09763725742 များထံ wave money ဖြင့် (pass word _654321) ဖြင့်ပေးပို့လှူဒါန်းနိုင်ရန် ကြေညာထားကြောင်းလည်း သိရသည်။ မေသက် Credit: