No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် ရှေ့နေများ ပါဝါတင်၊ အာမခံလျှောက်ထားမှု လာမည့်ရုံး ချိန်တွင် ကြားနာမည် =================================================== နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်တွင် စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ရာ ရှေ့နေများ ပါဝါတင်ခြင်းနှင့်အတူ အာမခံလျှောက်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း အောင်မြေသာစံမြို့ နယ်တရားရုံးမှ သိရသည်။ ယနေ့ရုံးချိန်သည် ဒုတိယအကြိမ်မြောက် ရုံးချိန်းဖြစ်ပြီးလုံခြုံရေးအခြေအနေအရဟု ဆိုကာ Video Conferencing ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လာမည့်ရုံးချိန်းကို မတ်လ ၈ ရက် သို့ ပြန်လည် ချိန်းဆို ပေးခဲ့ကြောင်း သိရသည်။ “ဆရာကြီးဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုနဲ့ပတ်သက်ပြီးတော့ သူ့အတွက် လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေ တွေ ကိုယ်စား လှယ်စာတင်ပါတယ်၊ ပြီးတော့ အာမခံလျှောက်ထားတဲ့ကိစ္စ ပြုလုပ်တယ်၊ ဒါပေမဲ့ အာမခံ လျှောက်လွှာမှာ ဆရာကြီး ဒေါက်တာဇော်မြင့်မောင်ရဲ့ လက်မှတ်မရသေးလို့ ဆရာ ကြီးရဲ့လက်မှတ်နဲ့ ပြန် လျှောက်ဖို့ စီစဉ်ခိုင်းထားပါတယ်၊ ဒါကြောင့် ရှေ့လာမယ့်ရုံးချိန်းမှာ အာမခံ လျှောက်ထားမှုကို ကြားနားဖို့ ရုံးချိန်း ပြန်ချိန်းပေးလိုက်ပါတယ်”ဟု အောင်မြေသာစံမြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးလှ မျိုးဝင်းက ပြောသည်။ အဆိုပါအမှုတွင် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဘက်မှ တရားလွှတ်တော်ရှေ့နေများဖြစ်သည့် ဦး ကျော်ညွန့်၊ ဦးမျိုးမင်း ဇော်၊ ဒေါ်ရွက်နုအောင်၊ ဒေါ်သဲစုဝေတို့က ကိုယ်စားလှယ်အဖြစ် လိုက်ပါဆောင် ရွက်ပေးမည် ဖြစ်သည်။ “ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့အညီ အကောင်းဆုံး လိုက်ပါဆောင်ရွက်ပေးမှာပေါ့နော်၊ လိုက်ပါ ဆောင်ရွက်ကြမယ့် ရှေ့နေတွေကလည်း ဥပဒေ အရလည်း နားလည်ကျွမ်းကျင်တဲ့သူတွေ ဖြစ်တယ်၊ အားလုံးကလည်း တရားလွှတ်တော်ရှေ့နေတွေ ဖြစ်တာကြောင့်မို့ ဥပ ဒေဘောင်အတွင်းကပဲ တရား ရုံးကနေ ဆုံးဖြတ်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်တယ်”ဟု တရာလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော်က ပြောသည်။ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အား မန္တလေးတိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက် ထောက် ညွှန်ကြားရေးမှုး ဒေါ်နွယ်နီခိုင်မှ တရားလိုပြုလုပ်၍ ဖေဖော်ဝါရီလ ၁၅ ရက်က နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တရားစွဲဆိုရခြင်းမှာ ဖေဖော်ဝါရီလ ၁ ရက်က တပ်မတော်မှ အာဏာရယူပြီးနောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ကြေညာချက်များ ထုတ်ပြန်ခဲ့ ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ နိုင်ထူး Credit: