No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက်တွင် အာဏာရှင် စနစ်အလိုမရှိကြောင်းနှင့်ယခုအသစ်ခန့်အပ်သည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အလိုမရှိကြောင်းကို အဆိုပါ ရပ်ကွက်နေပြည်သူ ၅၀၀ခန့် က ယနေ့မွန်းလွဲပိုင်းတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒပြပြည်သူများက "စစ်အာဏာရှင် လက်ကိုင်တုတ် အလိုမရှိ"၊ "သူပုန်တင်မြှောက်အဖွဲ့အစည်းများ ခုထွက်သွား" "ပြည်သူတင်မြှောက်သည့်အုပ်ချုပ်ရေးမှူးကိုသာလက်ခံမည်" စသည့် ကြွေးကြော်သံများကြွေးကြော်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ ဓာတ်ပုံ - 7Day News Crd: