
"တောင်ကြီးတွင် လူဦးရေ သောင်းနှင့်ချီဆန္ဒပြ" တောင်ကြီးမြို့တွင် အာဏာသိမ်းမှု အလိုမရှိကြောင်း လူဦးရေ သောင်းနှင့်ချီ၍ ယနေ့နံနက်ပိုင်းကလမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြသည်။ အာဏာသိမ်းခြင်းကို အလိုမရှိကြောင်း၊ ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင်များ ချက်ခြင်းလွှတ်၊ ၂၀၂၀ ရွေးကောက်ပွဲ ပြည်သူ့ဆန္ဒ၊ ၀နျထမျးမြား CDM တွင် ပါ၀င်စေရေး ဒို့အရေး အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြသူများက မိန်းလမ်းအတိုင်း ရှမ်းပြည်နယ် လွှတ်တော်ရုံးအနီးအထိ လမ်းလျှောက်ချီတက်ခဲ့ကြသည်။ ယနေ့ ဆန္ဒပြ ချီတက်ပွဲတွင် အင်ဂျင်နီယာများ၊ ဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ ပညာရေး၀န်ထမ်းများနှင့်ဒေသခံ များစသည့်လူဦးရေ ငါးသောင်းကျော် ပူးပေါင်းပါ၀င်ခဲ့ကြသည်။ ဓာတ်ပုံ 7Day News Crd: