No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် သနပ်ခါးကမ်ပိန်းပြုလုပ်ရန် နိုးဆော် . မနက်ဖန် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်လုံးကျွတ်သနပ်ခါးကမ်ပိန်းတစ်ရပ်ကို ပြည်သူအားလုံးတညီတညွတ်တည်းပါဝင်ဆင်နွဲကြရန် အွန်လိုင်းလူမှုကွန်ရက်မီဒီယာပေါ်တွင် တိုက်တွန်းနိုးဆော်မှုများ ရှိနေသည်ဟု သိရသည်။ . သနပ်ခါးကမ်ပိန်းပြုလုပ်ဖြစ်သည့်အကြောင်းရင်းမှာ သနပ်ခါးလိမ်းခြယ်ခြင်းသည် မြန်မာ့လူနေမှုပုံစံတစ်ခုဖြစ်ပြီး ကျားမမရွေး၊ အသက်အရွယ်မရွေး၊ ဘာသာမရွေး ပါဝင်ဆင်နွှဲနိုင်သောကမ်ပိန်းဖြစ်ဖြစ်သည်ဟုသိရသည်။ . ထို့ပြင် လမ်းပေါ်မထွက်နိုင်သောပြည်သူများ အိမ်မှာနေ၍သနပ်ခါးပါးကွက်ကြားလိမ်းထားခြင်းဖြင့် ပါဝင်နိုင်သည်ဟု သိရသည်။ . သို့သော် သနပ်ခါးကမ်ပိန်းနှင့်ပတ်သက်ပြီး အားနည်ချက် အားသာချက်များကို ဝေဖန်ထောက်ပြမှုများလည်းရှိ နေသည်။ . သနပ်ခါးလိမ်းခြယ်ထားလျင် မတ်စ်ချွတ်ရမည်ဖြစ်၍ မတ်စ်အစား ဖေ့စ်ရှီးလ်ဒ်တပ်ရန် အကြံပေးချက်များကို လည်း တွေ့ရသည်။ . ကိုးကား : Myanmar Beauties . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Crd: