
"ခွင့်ယူထားသည့် သစ်တောဝန်ထမ်းများ ဖေဖော်ဝါရီ ၂၅ ရက် ရုံးပြန်တက်ရန်ညွှန်ကြား" -သတ်မှတ်ရက်ရုံးမတက်ပါက နိုင်ငံ့ဝန်ထမ်း ဥပဒေဖြင့် အရေးယူမည်ဟု အသိပေး အကြောင်းအမျိုးမျိုးဖြင့် ခွင့်ယူထားသည့် သစ်တောဝန် ထမ်းအားလုံး ဖေဖော်ဝါရီ ၂၅ ရက်တွင် ရုံးပြန်တက်ရန် သစ် တောဦးစီးဌာနက ညွှန်ကြားထား ကြောင်း သစ်တောဝန်ထမ်းများ ကပြောသည်။ လတ်တလောအခြေအနေ အရ သစ်တောဝန်ထမ်းများကခွင့်ခံစားခွင့်များ တင်ပြခဲ့ခြင်းကို တာဝန်ရှိသူများက စိစစ်ခွင့်ပြု ခဲ့သော်လည်း လက်ရှိအခြေအနေ တွင် တာဝန်ထမ်းဆောင်သည့် အင်အားများစွာလျော့နည်းနေသ ဖြင့် ရုံးလုပ်ငန်းနှင့် လက်တွေ့မြေ ပြင်လုပ်ငန်းများ ဆောင်ရွက်ရာ တွင် အခက်အခဲများဖြစ်ပေါ်နေ ကြောင်း သစ်တောဦးစီးဌာနညွှန် ကြားချက်တွင် ဖော်ပြထားသည်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၇၆ တွင် အများပြည်သူ အကျိုးငှာ လိုအပ်လျှင် ခွင့်ခံစားနေသော ဝန်ထမ်းကို ခွင့်မှပြန်လည်ခေါ် ယူနိုင်ပြီး ယင်းသို့ ခေါ်ယူသည့် အခါ ဝန်ထမ်းသည် မည်သည့် အကြောင်းနှင့်မျှ ငြင်းပယ်ခွင့်မရှိ ဘဲ မပျက်မကွက်ပြန်လာရမည် ဟု သတ်မှတ်ပြဋ္ဌာန်းထားသဖြင့် လက်ရှိခွင့်ခံစားနေသော ဝန်ထမ်း များအား ဖေဖော်ဝါရီ ၂၄ ရက်အ ထိသာ ခွင့်ခံစားခွင့်ပြုမည်ဟု ဖော်ပြထားသည်။ သတင်းအပြည့်အစုံ https://7day.news/304214 Crd: