No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တောင်ကြီးမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့၌ ကျောင်းသားများ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြ DVB ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ အာဏာသိမ်း စစ်ကောင်စီကို ဆန်ကျင်ရေးတဲ့အနေနဲ့ မြို့ခံ ပြည်သူလူထုတွေက ဆန္ဒဖော်ထုတ်မှုတွေ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ဆက်လက်ပြုလုပ် ပါတယ်။ လူငယ်အများစုနဲ့ CDM လုပ်တဲ့ဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်ပြီး အင်အား ငါးသောင်းကျော် လမ်းပေါ် ထွက် ဆန္ဒ ပြခဲ့ကြပါတယ်။ CDM မလုပ်တဲ့ဝန်ထမ်းတွေ CDM ပါဝင်ဖို့၊ လျှပ်စစ်မီတာအခွန်မဆောင်ဖို့ တောင်ကြီး တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့က တောင်ကြီး မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ ထိုင်သပိတ်ပြုလုပ် တောင်းဆိုခဲ့ပါတယ်။ ထိုင်သပိတ်ပြုလုပ်တဲ့အချိန်မှာပဲ တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ တွေက လာရောက်ပြီး နေရာရွေ့ပေးဖို့ မေတ္တာရပ်ခံကာ ထိုင်သပိတ်လုပ်တဲ့နေရာမှာ လုံခြုံရေး ရဲတပ်ဖွဲ့ တွေနေရာချထားလိုက်ပါတယ်။ ကျောင်းသား လူငယ်တွေ သပိတ်မှောက်နေတာကြောင့် မီတာဆောင်တဲ့ရုံးက ဒီကနေ့ မီတာကောက် ကောင်တာပိတ်လိုက်ပါတယ်။ နေ့လယ်ပိုင်းမှာ ကျောင်းသားတွေကလည်း ထိုင်သပိတ်ကို အေးအေးချမ်းချမ်းနဲ့ပဲပြုလုပ်ခဲ့ပြီး ပြန်လည်ထွက်ခွါခဲ့ကြပါတယ်။ Crd: