No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"တောင်ကြီးတွင် တပ်မတော်ထောက်ခံပွဲလာလုပ်သည်ကို မြို့သူ၊မြို့သားများက သံပုံးတီးကန့်ကွက်" တောင်ကြီးမြို့တွင် ယနေ့ မွန်းလွဲ ၂ နာရီက တပ်မတော် ထောက်ခံပွဲလာလုပ်စဉ် မြို့သူ၊မြို့သားများက လမ်းပိတ်၍ ကားပျက်ကမ်ပိန်းပြုလုပ်ခဲ့ပြီး သံပုံးတီးကန့်ကွက်ခဲ့ကြသည်။ တပ်မတော် ထောက်ခံပွဲအား ဒေသခံများက ပြုလုပ်ခြင်းမဟုတ်ပဲ လူစု ကာ တောင်ကြီးတွင် လာရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ကြီးဒေသခံများက လက်မခံကြောင်း သံပုံးတီး၍ ကားပျက်ကမ်ပိန်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်ထောက်ခံပွဲ လာရောက်ပြုလုပ်သူ လူဦးရေ ၂၀၀ကျော်ခန့်ရှိသည်ဟု အဆိုပါ နေရာတွင် ရောက်ရှိနေသည့် 7 Day သတင်းထောက်က သတင်းပေးပို့သည်။ သတင်းဓာတ်ပုံ - 7 Day News Crd: