No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တပ်မတော်၏ Page များ Facebook မှ တစ်ခုပြီးတစ်ခု ဖျက်သိမ်း ~~~~~ တပ်မတော် သတင်းမှန်ပြန်ကြားရေးဆိုတဲ့ မြန်မာ့တပ်မတော်ရဲ့ ပင်တိုင် Facebook Page ကို ဖျက်သိမ်းခံခဲ့ရတဲ့နောက် တပ်မတော်က သတင်းတွေ ထုတ်ပြန်ဖို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းမှန်ပြန်ကြားရေး ဆိုတဲ့ Page ကနေတစ်ဆင့် သတင်းတွေ ပြန်ကြားဖို့ ကြိုးပမ်းလာခဲ့ရာ အဆို Page ကိုလဲ Facebook မှ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တပ်မတော်က ထိန်းသိမ်းထားတဲ့ MRTV နဲ့ MRTV Live Page တွေကိုပါ Facebook က ပိတ်သိမ်းထားတာ ဖြစ်ပါတယ်။ အဆိုပါ တပ်မတော်ရဲ့ Page တွေက Facebook ရဲ့ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတွေကို အကြိမ်ကြိမ်ချိုးဖောက်ပြီး အကြမ်းမဖက်ရ၊ အကြမ်းဖက်ခြင်းကို လှုံဆော်ခြင်းမပြုရဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတာကြောင့် ဖျက်သိမ်းရခြင်း ဖြစ်တယ်လို့ Facebook က တရားဝင်သတင်း ထုတ်ပြန်ထားပါတယ်။ လူမှုကွန်ယက်တွေပေါ်မှာလဲ ပြည်သူများမှ တပ်မတော်ရဲ့ Page အသစ်တွေ တက်လာတိုင်း တက်လာတိုင်း Facebook ကို အသိပေးတဲ့အနေနဲ့ Report တွေ ပြုလုပ်ဖို့ အချင်းချင်း တိုက်တွန်း နှိုးဆော်နေကြတာကို တွေ့ရှိနေရပါတယ်။ #WeNews #Facebook #တပ်မတော် Crd: