
"ပြည်သူရွေးချယ်တင်မြှောက်သည့် တရားဝင်အစိုးရ ပေါ်ပေါက်ချိန်မှ အလုပ်ပြန်ဆင်းမည်ဟု သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ထမ်းများ ကြေညာ" ပြည်သူရွေးချယ်တင် မြှောက်သည့် တရားဝင်အစိုးရဖွဲ့ စည်းပေါ်ပေါက်လာချိန်မှ လုပ် ငန်းတာဝန်များ ပြန်လည်ထမ်း ဆောင်မည်ဟု သစ်တောနှင့်ပတ် ဝန်းကျင်ဆိုင်ရာပြည်သူ့ဝန်ထမ်း များက ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာ CDM လှုပ်ရှားမှုတွင် သစ် တောဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာ န၊ မြန်မာ့သစ်လုပ်ငန်း၊ သစ် တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်(ရေဆင်း)တို့မှ ဝန် ထမ်းစုစုပေါင်း ၉၀၀ ခန့်ပါဝင် ဆောင်ရွက်နေပြီး အဆိုပါဝန် ထမ်းများကို ဖေဖော်ဝါရီ ၂၅ ရက် နောက်ဆုံးထား၍ လုပ်ငန်းခွင်ပြန် ဝင်ရန်နှင့် ခွင့်ပြုချက်မရှိဘဲ ပျက် ကွက်သည့် ဝန်ထမ်းများအားအ ရေးယူမည်ဟု စာဖြင့်လည်း ကောင်း၊ ဖုန်းဖြင့်လည်းကောင်း အကြောင်းကြားမှုများ ရှိနေ သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။သစ်တောနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ CDM ဝန်ထမ်းများ သည် အကြောင်းမဲ့ ပျက်ကွက်နေ ခြင်းမဟုတ်ဘဲ အများပြည်သူနှင့် နိုင်ငံတကာက အသိအမှတ်ပြု ထားသည့် ရွေးကောက်ခံအစိုးရ တစ်ရပ် ဖွဲ့စည်းနိုင်ချိန်ထိ ငြိမ်း ချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။ သတင်းအပြည့်အစုံ https://7day.news/304244 Crd: