No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"နယ်စပ်ကုန်သွယ်ရေးတွင် ငွေလဲလှယ်ရေးအခက်အခဲကြောင့် ကုန်စည်တင်ပို့မှုလျော့ကျ" နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် မြန်မာကျပ်ငွေလဲလှယ်ရေး အခက်အခဲ များကြောင့် ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်းတွင် ပြည်တွင်းမှ ကုန် စည်တင်ပို့ရောင်းချမှုလျော့ကျ သွားကြောင်း ကုန်သည်အချို့က ပြောသည်။ တရုတ်၊ ထိုင်းအပါအဝင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များသည် နှစ်နိုင်ငံငွေကြေးဖြင့် တိုက်ရိုက်လဲလှယ်ရောင်းဝယ် ခြင်းဖြစ်ရာ ပုဂ္ဂလိကဘဏ်များ ပိတ်ထားခြင်းကြောင့် ယွမ်နှင့်ဘတ်ငွေကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းနေသည်။ ထို့ကြောင့် နယ်စပ်ကုန်သည်များတွင် ကုန်ဖိုးငွေပေးချေ ရန်ငွေမရှိသဖြင့် ကုန်ပစ္စည်းမှာ ယူရေးတွင် အခက်အခဲဖြစ် ကြောင်း ကုန်သည်အချို့က ပြော သည်။ ပွဲရုံအချို့ဆိုရင် ကားခတောင်ရှင်းဖို့မရှိလို့ အကြွေးထား နေရတယ်ဟု မူဆယ်မြို့မှ သစ်သီးပွဲရုံပိုင်ရှင်တစ်ဦးက ပြော သည်။ ပြည်တွင်း နိုင်ငံရေးအခြေ အနေကြောင့် နယ်မြို့များမှ ကုန်စည်သိုလှောင်သူများ၊ ပွဲရုံပိုင်ရှင်များကလည်း အကြွေးရောင်းချ ရေးကို မလိုလားကြောင်း ကုန် သည်အချို့က ဆိုသည်။ သတင်းအပြည့်အစုံ https://7day.news/304243 Crd: